ကားအောက်ပိုင်းအား ပြင်ဆင်ရန် ငုံကြည့်စဉ် ကားဘီးလိမ့်ရာမှ အကြိတ်ခံရသည့် ယာဉ်မောင်း အသက်ဆုံးရှုံး

0
291

သံဖြူဇရပ်မြို့၊ သံဖြူဇရပ်-ကျိုက္ခမီသွားလမ်း‌ပေါ်ရှိ တောင်ဖလုကျေးရွာလမ်းဝတွင် ကားအောက်ပိုင်းအား ပြင်ဆင်ရန် ငုံကြည့်စဥ် ကားဘီးမတော်တဆလိမ့်ရာမှ ယာဉ်မောင်းအမျိုးသားဖြစ်သူ အကြိတ်ခံရကာ အသက်ဆုံးရှုံးခဲ့ရကြော င်း သိရသည်။

ယမန်နေ့ ဇွန်(၂၁) ရက် ညနေ(၅)နာရီကျော်အချိန်၌ သစ်လုံးတင်သည့် ကားတစ်စီး၏ ယာဉ်မောင်းဖြစ်သူမှာ ကားအား လမ်းဘေးတွင် စက်နှိုးကာရပ်၍ ကားအောက်ပိုင်းအား ငုံကြည့်နေစဥ် ဘီး မတော်တဆလိမ့်ကာ တက်ကြိတ်ခံရခြင်း ဖြစ်သည်။

” ကားကကြိတ်ပြီး လမ်းဘေးက ချုံတစ်ခုမှာရပ်သွားတယ်။ သူကတော့ အကြိတ်ခံရပြီး အနောက်ခပ်လှမ်းလှမ်းမှာကျန်ခဲ့တာပေါ့။ ကားက သစ်တင်တဲ့ကားပါ။ ဖြစ်စဉ်ဖြစ်တဲ့ အချိန်မှာ ကုန်မပါဘူး။မိသားစုလည်း အကြောင်း ကြားလို့ သိပြီးပါပြီ။ အလောင်းကိုတော့ သံဖြူဇရပ်ဆေးရုံကို ပို့ထားပါတယ်”ဟု သွားရောက်ကူညီခဲ့သည့် စေတနာရှင် လူမှုကူညီရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

​ေ-သဆုံးသူ ယာဉ်မောင်းအမျိုးသားမှာ အသက် (၃၀)အရွယ်ခန့်ရှိပြီး ကျုံကတက်ရွာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရုပ်အ လောင်းအား သံဖြူဇရပ်ပြည်သူ့ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-စေတနာရှင်လူမှု ကူညီကယ်ဆယ် ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here