အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ဖိုင်နယ်အဆင့်ရောက်ရန် ကစားသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် မီတမီချီတာရူပြော

0
129

အင်ဒိုနီးရှားနိုင်ငံတွင် ဇွန်(၂၂) ရက်၌ စတင်ကျင်းပမည့် အာဆီယံယူ-၁၆ ပြိုင်ပွဲတွင် ဖိုင်နယ်အဆင့်ရောက်ရန် ကစားသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် မီတမီချီတာရူက ပြောကြားသည်။

ဇွန်(၂၁)ရက် မွန်းလွဲပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာကာတာ(ဆိုလို)မြို့ရှိ ဆိုလိုပါရာဂွန်ဟိုတယ်တွင် ကျင်းပသည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အသင်းကို ဖေဖော်ဝါရီကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ‌ကောင်းကောင်းလေ့ကျင့် ပြင်ဆင်ထားပါတယ်။ ဒါကြောင့် ပြိုင်ပွဲအတွက် အသင့်ဖြစ်နေပါပြီ။ အုပ်စုတွင်း ပြိုင်ဘက်တွေက အသင်းကောင်းတွေဖြစ်ကြလို့ ကျွန်တော်တို့အတွက် အခွင့်ကောင်းတစ်ခုပါပဲ။ ပွဲစဉ်တိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်ကစားပြီး ဆီမီးဖိုင်နယ်၊ ဖိုင်နယ် အဆင့်ဆင့်တက်ရောက် အောင်မြင်ဖို့ ကြိုးစားသွားမှာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာယူ-၁၆ အသင်းသည် ဇွန် (၂၂) မြန်မာစံတော်ချိန် ည (၇) နာရီတွင် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကမ္ဘောဒီယားအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု(B)တွင် ကျရောက်နေပြီး ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့်ဘရူနိုင်း အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အာဆီယံယူ-၁၆ ပွဲစဉ်များအတွက် ရုပ်သံထုတ်လွှင့်ခွင့်ကို အင်ဒိုနီးရှား ရုပ်သံလိုင်း indosiar နှင့် Vidio app တို့က ရရှိထားပြီး အဆိုပါ လိုင်းများမှသာ ပြသသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့ကအကြောင်းကြားထားသည်ဟု MFF က အသိပေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here