ချေးငွေပြန်မဆပ်နိုင်ကြသည့်အတွက် အသေးစားငွေချေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာဟု ကမ္ဘာ့ဘဏ်ဆို

0
314
The World Bank Group logo is seen on the building of the Washington-based global development lender in Washington on January 17, 2019. (Photo by Eric BARADAT / AFP)

ကိုဗစ်ကာလနှင့် နိုင်ငံရေးရိုက်ခတ်မှုများကြောင့် ချေးငွေပြန်မဆပ်နိုင်ကြသူများ များပြားလာပြီး အသေးစားငွေချေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာကြောင်း ကမ္ဘာ့ဘဏ်ကထုတ်ဖော်ပြောဆိုထားသည်။

ပြီးခဲ့သည့် (၄) နှစ်အတွင်း စီးပွားရေးနှင့် နိုင်ငံရေး ရိုက်ခက်မှုတွေအကြား ကြံ့ကြံ့ခံရပ်တည်ခဲ့သော်လည်း ယခုအခါချေးငွေပြန်မဆပ်နိုင်သူများ များပြားလာခြင်းကြောင့် အသေးစားချေးငွေလုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် အသေးစား ချေးငွေလုပ်ကိုင်သူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများ မဖြစ်ခင်က အခြေအနေမျိုးလို ငွေချေးသူများဖြစ်သည့် ကျေးလက်ဒေသနှင့်ဝင် ငွေနည်းမိသားစုများကို ထောက်ပံ့ပေးနိုင်ရန် အခက်အခဲများရှိကြောင်းလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ထို့ပြင် တစ်ဘက်တွင်လည်း ကိုဗစ်ရောဂါ ကူးစက်မှုနှင့် ၂၀၂၁ ဖေဖော်ဝါရီ(၁) ရက် နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်နောက်ပိုင်း အသေးစားချေးငွေလုပ်ငန်း ဆက်လက်ရပ်တည်နိုင်ရန် အကန့်အသတ်နှင့်ရင်ဆိုင်လာရကြောင်း သိရသ ည်။

မြန်မာနိုင်ငံတွင် အသေးစားငွေချေးလုပ်ငန်းလိုင်စင်ရယူထားပြီး ငွေချေးယူပြီး လုပ်ငန်းလုပ်ကိုင်သူ ဦးရေ (၁) သန်းမှ (၆) သန်းအထိ တိုးလာခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ချေးငွေယူ လုပ်ငန်းလည်ပတ်သူ၏ ၈၆ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်သည် အသေးစားချေးငွေလုပ်ငန်းများကို ချေးငွေအသစ်များ ထောက်ပံ့ပေးခြင်း၊ အကြွေးပြန်ဆပ်ရန် အာမခံသည့် သတ်မှတ်ချက်များကို လျှော့ချပြီး ချေးငွေစရိတ် သက်သာစေရန် ဘဏ်များနှင့်အတူ အနစ်နာခံ ကူညီပေးမည့် အစီအစဉ်များကို ချမှတ်ရန် အကြုံပြုထားသည်။

အသေးစား ချေးငွေလုပ်ငန်းများ ထုတ်ချေးပမာဏသည် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာသန်း (၅၀) အောက်တွင်သာ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာ (၁.၂) ဘီလီယံအထိ ကြီးထွားလာခဲ့သည်။

၂၀၂၃ နှစ်ကုန်အထိ အသေးစားချေးငွေလုပ်ငန်းပေါင်း (၁၇၈) ခုရှိပြီး ပြည်တွင်း၌ (၁၁၆) ခု၊ နိုင်ငံခြားဘဏ် (၅၄) ခုနှင့် ဖက်စပ်လုပ်ငန်း (၈) ခု ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here