တက္ကသိုလ်ဝင်စာမေးပွဲအမှတ်များကို ကျေနပ်မှုမရှိပါက တစ်ဘာသာ နှစ်သောင်းခွဲဖြင့် စစ်ဆေးနိုင်

0
173

ယခုနှစ်အတွင်း ကျင်းပပြီးစီးခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်များကို ကျေနပ်မှုမရှိပါက တစ်ဘာသာလျှင် နှစ်သောင်းခွဲကျပ်ဖြင့် ပြန်လည်စစ်ဆေးနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

ထိုသို့စစ်ဆေးရာတွင် အဖြေလွှာကို ပြန်လည်ကြည့်ရှုခွင့်ပြုမည်မဟုတ်သော်လည်း သက်ဆိုင်ရာ ပြန်လည်စိစစ်ရေးအဖွဲ့က အဖြေလွှာကို ထပ်ဆင့်စစ်ဆေးကာ မှန်ကန်မှု ရှိ/မရှိ တရားဝင် ရုံးစာဖြင့် ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ဆေးတွေ့ရှိချက်အရ အမှတ်စာရင်း/အောင်စာရင်းကိုလည်း ပြင်ဆင်ရန် လိုအပ်လျှင် ပြင်ဆင်ပေးမည်ဟုလည်း သိရသည်။

လက်ရှိတွင်၂၀၂၃ –၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ် ဝင်စာမေးပွဲ အမှတ်စာရင်းများကို မြန်မာနိုင်ငံစာစစ် ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်နှင့် ရန်ကုန်(ရုံးခွဲ)၊ အမှတ် (၄/၅)၊ ပါရမီလမ်း၊ လှိုင်မြို့နယ်တို့တွင် ဇွန် (၁၇) ရက်မှစတင်ပြီး ထုတ်ပေးနေပြီဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှအပ တနင်္လာနေ့မှ သောက်ကြာနေ့ထိ နေ့စဉ် နံနက် (၁၀) နာရီမှ မွန်းလွဲ (၂) နာရီထိ ရုံးချိန်အတွင်း ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသည် အမှတ်စာရင်းထုတ်ပေးမှုကို အခြားနယ်မြို့များ၊ အခြားနေရာများတွင် ထုတ်ပေးမည်မဟုတ်ကြောင်းနှင့် Online စနစ်ဖြင့်လည်း ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်းလည်း သိရသည်။

Photo-credit


LEAVE A REPLY

Please enter your comment!
Please enter your name here