မြင့်တက်နေသည့် ဆန်ဈေးနှုန်းနှင့်ပတ်သက်၍ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများကို ခေါ်ယူမေးမြန်းနေ

0
113

ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူ၍ လိုအပ်သည်များမေးမြန်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြည်တွင်း၌ စားသုံးသူဈေးကွက်အတွင်း ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများအဆမတန် မြင့်တက်နေခြင်းဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအားခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းဆွေးနွေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စပါးကုန်သည်များအသင်း၊ ဆန်ကုန်စည်ဒိုင် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ဆန်စပါးကို အမျိုးအစားအလိုက် (၇) မျိုးခွဲခြားပြီး နံပါတ် (၁) တွင် ဧည့်မထအုပ်စုထဲရှိ ၂၅ မှတ်တန် ဆန်ကို ကျပ် (၇၀၀၀၀) မှ (၇၂၀၀၀) ကျပ်၊ ၁၅ မှတ်ဆန် (၇၂၀၀၀) ကျပ်မှ (၇၅၀၀၀) ကျပ်၊ (၅) မှတ်မှ (၁၀) မှတ်အထိ ဆန်ကို (၇၅၀၀၀) ကျပ်မှ (၇၈၀၀၀)ကျပ်၊ နံပါတ် (၂) စာရင်းတွင် ရက် ၉၀၊ ပခန်း၊ အညာသား၊ အထူးဧည့်မထအုပ်စုများအောက်ရှိ (၅) မှတ်မှ (၁၀)အထိဆန်ကို (၈၅၀၀၀) ကျပ်မှ (၉၀၀၀၀)ကျပ်၊ နံပါတ် (၃) စာရင်းတွင် ဧရာမင်း၊ ဧရာပဒေသာ (မြန်မာပြည်အထက်ပိုင်း) အုပ်စုအောက်ရှိ (၅) မှတ်မှ (၁၀) မှတ်အထိ ဆန်ကို (၉၅၀၀၀) ကျပ်မှ (၁၀၀၀၀၀) ကျပ်၊ နံပါတ် (၄) စာရင်းတွင် ဧရာဝတီပေါ်ဆန်းများ အောက်ရှိ (၅) မှတ်မှ (၁၀) မှတ်ရှိ ဆန်ကို (၁၁၀၀၀၀) ကျပ်မှ (၁၂၀၀၀၀)ကျပ် အထိ သတ်မှတ်ထားသည်။

အထက်ပါလက်ကား သတ်မှတ်ဈေးပေါ်မူတည်၍ လက်လီဈေးတွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား တင်ရောင်းရမည်ဖြစ်ပြီး ယင်းဈေးထက်ပို၍ ဈေးတင်ရောင်းပါက ဖမ်းဆီးမည် ဖြစ်ကြောင်း ဆန်ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြင်ပဈေးကွက်အတွင်း ဆန်ဈေးနှုန်းအပါအဝင် အခြားသောစားသောက်ကုန်များလည်း ဈေးမြင့်တက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here