ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
143

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့် အမျိုးသားတစ်ဦးမှ သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၉ ဒသမ ၆ ကီလို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာအနီးတွင် TOYOTA WISH ခရီးသည်တင်မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဇွန်(၁၈) ရက်၊ ည (၁၀) နာရီအချိန်က မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် အိုက်ဆန်း(ခ)အိုက်ပေါင်း သယ်ဆောင်လာသည့် ပလတ်စတစ်ပုံးအတွင်းမှ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၉ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းနှင့် သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ခင်ခင်ဦး(ခ)စီစီနှင့် အိုက်ဆန်း (ခ)အိုက် ပေါင်းတိုအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here