ကွမ်တုံပြည်နယ်၌ ရေဘေးကြောင့်‌ေ-သဆုံးသူ ၃၈ ဦးအထိရှိလာ

0
64
This aerial photo shows collapsed buildings in the aftermath of flooding in Meizhou, in southern China's Guangdong province on June 21, 2024. - Downpours in Guangdong province this week sparked floods and landslides, with the spate of extreme weather impacting nationwide. (Photo by AFP)

ပေကျင်း၊ဇွန် ၂၁

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ‌ေ-သဆုံးသူ ဦးရေ သည် ၃၈ ဦးအထိမြင့်တက်လာကြောင်း နိုင်ငံပိုင်မီဒီယာကကြေညာခဲ့သည်။

“သဘာဝဘေးအန္တရာယ်ပြင်းထန်မှုကြောင့် ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရတာ ခက်ခဲပြီး အချိန်ကုန်ပါတယ်” ဟု နိုင်ငံပိုင်ရုပ်သံဌာန CCTV တွင်ပြောကြားခဲ့သည်။

ယခု မိုးရွာသွန်းမှုကြောင့် လူပေါင်း ၅၅,၀၀၀ ကျော် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၂,၂၀၀ ကျော်နှင့် လမ်း ၄,၇၀၀ နီးပါးပြိုကျခဲ့ကြောင်းလည်းဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ သဘာဝဘေးကြောင့် ရာနှင့်ချီသော ဓာတ်အားပေးစက်ရုံများနှင့် ရေပိုက်လိုင်းများအပြင် ကောက်ပဲသီးနှံ ဟက်တာ ၇,၀၀၀ နီးပါးပျက်စီးခဲ့ကြောင်းလည်း CCTV သတင်းဌာန၏‌ဖော်ပြချက်အရသိရသည်။

ရေကြီးရေလျှံမှုကြောင့် စီးပွားရေးဆုံးရှုံးမှုမှာ ယွမ် ၅ ဒသမ ၈၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၈၀၅ ဒသမ ၇ သန်း) ရှိကြောင်းလည်းရုပ်သံဌာနကဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here