ရေနီမြို့တွင် ငွေကျပ်သိန်း ၉ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

0
522

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့တွင် TOYOTA MARK II မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၉၁၂၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၁)ရပ်ကွက်အနီးတွင် မော်တော်ယာဉ်များအား ဇွန်(၁၉) ရက်၊ ည(၉)နာရီခွဲအချိန်က စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ စစ်ဆေးရှာဖွေရာ ကျော်မြင့် မောင်းနှင်ပြီး ခန့်စည်သူကျော် (ခ)စည်သူ နှင့် မမို့မို့မြတ် တို့ လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ  စိတ်ကြွရူးသွပ်ဆေးပြား ၄၅၆၀၀၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၁၂၀)၊ မြန်မာငွေကျပ် (၃) သိန်းနှင့် လက်ကိုင်ဖုန်း (၃) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျော်မြင့်(၆၃)နှစ်၊ ခန့်စည်သူကျော် (ခ)စည်သူ(၂၄)နှစ် နှင့် မမို့မို့မြတ်(၃၁)နှစ်တို့အား ရေနီနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကသတင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here