အာဆီယံ ယူ-၁၆ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်း ကမ္ဘောဒီးယားအသင်းကို ရှုံးနိမ့်

0
301

အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတာ (ဆိုလို) မြို့၌ ယနေ့ ဇွန် (၂၂) ရက် ည(၇)နာရီအချိန်တွင် ASEAN U-16 Boys Championship 2024 ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်ကို ကမ္ဘောဒီးယား အသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဖွင့်ပွဲစဉ်၌ပင် မြန်မာအသင်းက ပြိုင်ဘက်အသင်းအား (၂)ဂိုး (၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ပွဲစဉ် ပထမပိုင်း (၂၅)မိနစ်အချိန်တွင် ရှေ့တန်းတိုက်စစ်ကစားသမား ညီညီသန့်က အဖွင့်ဂိုးသွင်းယူ၍ ဦးဆောင်နိုင်သော်လည်း ပွဲပြီးဆုံးချိန်တွင် ပြိုင်ဘက် ကမ္ဘောဒီးယားအသင်းက (၂)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲထွက်စာရင်းတွင် မြန်မာအသင်းဘက်မှ ရှိုင်းထက်အောင်၊ စိုင်းမိုဟန်၊ အောင်သီဟ၊ သော်ဇင်ကို၊ စွမ်းဇာနည် ၊ သီဟအောင်၊ စိုင်းဇော်ရှိန်း၊ အောင်သော်ခန့်၊ သူရမင်းသန့်၊ ခွန်မောင်လုံးနှင့် ညီညီသန့်တို့က ပွဲဦးထွက် ကစားခဲ့ကြခြင်းဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ဇွန်လ (၂၅)ရက်၊ နေ့လယ်( ၂)နာရီခွဲအချိန်တွင် ဘရူနိုင်းအသင်းဖြင့် ကစားရမည်ဖြစ်ပြီး၊ ဇွန်လ (၂၈) ရက်၊ နေ့လယ် (၂)နာရီခွဲအချိန်တွင် ဗီယက်နမ် အ သင်းတို့နှင့် အသီးသီး ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် အုပ်စုသုံးစုခွဲ ယှဉ်ပြိုင်ကစား‌နေခြင်းဖြစ်ပြီး အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသော အသင်း သုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရသော အသင်းတစ်သင်း၊ စုစု ပေါင်း အသင်းလေးသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ကစားသွားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here