သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ဆန်များကို ရောင်းချပေးမည်

0
258

လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ရွှေဘိုပေါ်ဆန်းများ၊ ဧရာဝတီပေါ်ဆန်းများ၊ ဧည့်မထဆန်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာထားသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများကို သက်သာသောဈေးနှုန်းဖြင့် ဆန်များကို ဇွန်လ (၂၄) ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ်မှ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ ကျ ပ်မှ ၁၂၀,၀၀၀ ကျပ်၊ ဧည့်မထ(၁၅%) တစ်အိတ်လျှင် ၇၂ ၀၀၀ ကျပ်မှ ၇၅,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ယခုကဲ့သို့ အရည်အသွေးကောင်းမွန်သော ဆန်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်စွာဖြင့် ရောင်းချပေးခြင်းသည် စားသုံးသူပြည်သူများအတွက်သာ ရောင်းချပေးခြင်းဖြစ်ပြီး ဝယ်ယူသူမှ အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်တစ်အိတ်နှင့် ဧည့်မထအမျိုးအစား ဆန်အိတ်တစ်အိတ်ကို အိမ်ထောင်စုစာရင်း မိတ္တူနှင့် အိမ်ထောင်စုစာရင်းတွင် ပါဝင်သူတစ်ဦး၏ မှတ်ပုံတင်မူရင်းတို့ဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်း အသိပေးထာသည်။

ယခု ရောင်းချပေးသည့် အစီအစဉ်တွင် ပြန်လည်ရောင်းချရန် ကုန်သည်များ၊ လက်လီဆိုင်များကို ရောင်းချပေးမည်မဟုတ်ကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အသိပေးထားသည်။

ယခု အစီအစဉ်အတွက်ပိုမို ကောင်းမွန်သောအကြံပြုလိုပါကမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
(ဖုန်း- ၀၉-၄၀၀၀၆၇၂၆၀၊ ၀၉-၄၀၀၀၆၇၂၇၀)၊

ဝါးတန်းကုန်စည်ဒိုင်
(ဖုန်း- ၀၁-၈၂၂၁၄၄၈၊ ၀၁-၈၂၂၀၁၃၁၊ ၀၁-၈၂၁၀၂၈၇)

ဘုရင့်နောင်ကုန်စည်ဒိုင်
(ဖုန်း- ၀၉-၇၆၉၀၂၉၄၂၈)

တို့ကိုဆက်သွယ်၍ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here