ကြန့်ကြာမှုဖြစ်ခဲ့တဲ့ ဂျပန်ဧကရာဇ်ရဲ့ ဗြိတိန်ခရီးစဉ် စတင်

0
402
Japan's Emperor Naruhito (L) and Empress Masako (R) board a plane at Haneda airport bound for Britain, in Tokyo on June 22, 2024. (Photo by Yuichi YAMAZAKI / AFP)

ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ ကြင်ယာတော်တို့ဟာ စနေနေ့မှာ တစ်ပတ်ကြာခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်ရှိခဲ့ကြပြီး သူတို့နှစ်ဦး သင်ကြားခဲ့ရာ အောက်စ်ဖို့ တက္ကသိုလ်ကို သွားရောက်လည်ပတ်ခဲ့သလို ချားလ်စ်ဘုရင်နဲ့ တရားဝင် ပွဲအခမ်းအနားတက်ရောက်ခဲ့ကြောင်း သိရပါတယ်။ သို့ပေမယ့် ဧကရာဇ်ဟာ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရာ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

နာရူဟီတိုနဲ့ ဧကရီ မာဆာကိုတို့ဟာ ဘုရင်မကြီး အဲလ်လိဇဘက် သက်တော်ထင်ရှားရှိစဉ် ၂၀၂၀ ခုနှစ်ကတည်းက အလည်အပတ်သွားရောက်ဖို့စီစဉ်ခဲ့ကြတာဖြစ်ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

နန်းတက်ပြီးနောက်ပိုင်း သူတို့ရဲ့ ပထမဆုံး ပြည်ပခရီးအဖြစ် ၂၀၂၂ ခုနှစ်မှာ အဲလ်လိဇဘက် ဘုရင်မကြီးရဲ့ ဈာပနာကို တက်ရောက်ခဲ့ကြပါတယ်။ အသက် ၆၄ နှစ်အရွယ် နာရူဟီတိုက ၁၉၈၀ ခုနှစ်အစောပိုင်းကာလများမှာ သူ ပညာသင်ကြားဖို့ ဗြိတိန်ကို ရောက်ရှိနေခဲ့စဉ်အတွင်း ဗြိတိသျှတော်ဝင်အသိုင်းအဝိုင်းရဲ့ ဖေးမကြင်နာခဲ့မှုတွေအကြောင်း ခရီးစဉ်မတိုင်မီမှာ ပြောပြခဲ့ပါတယ်။

ကံတော်ကုန်ခဲ့ပြီဖြစ်သော ဘုရင်မကြီးက သူမကိုယ်တိုင်ပြုလုပ်တဲ့ လက်ဖက်ရည် သုံးဆောင်ဖို့ သူ့ကို ဘက်ကင်ဟမ်နန်းတော်သို့ ဖိတ်ကြားခဲ့တဲ့အကြောင်းကိုလည်း သူက အမှတ်တရ ပြောပြခဲ့ပါတယ်။

“ဘုရင်မကြီးနဲ့ တော်ဝင်မိသာစုတွေဆီကနေ နွေးထွေးပျူငှာတဲ့ ဧည့်ဝတ်ပြုမှုအမှတ်တရတွေကို ကျွန်တော် အမှတ်ရမိပြီး သူတို့မိသားစုရဲ့ အစိတ်အပိုင်းလို ခံစားမိခဲ့ပါတယ်” လို့ တိုကျိုမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောဆိုခဲ့ပါတယ်။

ဂျပန်ဧကရာဇ်ရဲ့ ယခုခရီးစဉ်ဟာ ချားလ်စ်ဘုရင် နန်းသက်မှာ တတိယမြောက် နိုင်ငံတော်ခရီးစဉ်ဖြစ်ပေမယ့် ဘုရင်ကြီး ကင်ဆင်ရောဂါခံစားနေရကြောင်း ယခုနှစ်အစောပိုင်းက ထုတ်ဖော်အသိပေးပြီးနောက်ပိုင်းမှာ ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်း သိရပါတယ်။

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here