မြန်မာ နှင့် တရုတ် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

0
526

မြန်မာ – တရုတ်နှစ်နိုင်ငံ အရပ်ဖက်အဖွဲ့အစည်းများမှ ဦးစီးကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကို အလုံမြို့နယ်ရှိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ဇွန်လ (၂၀) ရက်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုင်ငံရေးရာသံမှူး Ms.Qiao Li က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးနု – ဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် တရုတ် – မြန်မာ နှစ်နိုင်ငံအရပ်ဘက် အဖွဲ့အစည်းများမှတာဝန်ရှိသူတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် အခမ်းအနား တက်ရောက်ကြသူများ စုပေါင်း မှတ်တမ်းပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် “Nihao China မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်း အနုပညာခရီးသွား” ဓာတ်ပုံပြပွဲကို ကြည့်ရှုလေ့လာခဲ့ကြသည်။

မြန်မာ – တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ဖြစ်သည့် နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်နှင့်အချုပ်အခြာ အာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန်၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ တန်းတူညီတူ အပြန်အလှန် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရန်နှင့် လူမှုစနစ် မတူညီသည့်နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန်ဟူသည့် မူကြီး (၅)ရပ်ကို ထိုစဉ်က နှစ်နိုင်ငံဝန်ကြီးချုပ်များက ၁၉၅၄ ခုနှစ်၊ ဇွန် (၂၉) ရက်တွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here