ဗဟိုအမေရိကမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် လူ ၃၀ ထက်မနည်း ‌ေ-သဆုံး

0
187
View of a house that collapsed in a landslide in Santiago Texacuangos, El Salvador, on June 21, 2024. - Torrential rains across Central America have left at least 27 dead in landslides and flooding over the past week, mainly in El Salvador, but also in Guatemala and Honduras, officials said Friday. (Photo by Marvin RECINOS / AFP)

ဗဟိုအမေရိကဒေသနိုင်ငံတွေမှာ မုန်တိုင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေဖြစ်ပေါ်နေတာကြောင့် လူ ၃၀ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ပြီး လူထောင်နဲ့ချီကို ၎င်းတို့နေအိမ်တွေကနေ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းကာ မြစ်ရေကြီးမှုတွေဖြစ်ပေါ်နေပြီး နေအိမ်တွေ ပျက်စီးခြင်း၊ မြေပြိုမှုတွေနဲ့ အဆက်အသွယ်ပြတ်တောက်မှုတွေဖြစ်ပေါ်နေကြောင်းလည်း သိရပါတယ်။

လက်ရှိမှာ က-လေ-း ၆ ဦး အပါအဝင် ‌ေ-သဆုံးသူ ၁၉ ဦးအထိ ရှိလာကြောင်းနဲ့ လူဦးရေ ၃၀၀၀ ကျော်ဟာ ယာယီခိုလှုံရေးစခန်းတွေမှာ ရှိနေဆဲဖြစ်ကြောင်း အယ်ဆာဗေးဒိုး အာဏာပိုင်တွေက သောကြာနေ့မှာ ပြောဆိုပါတယ်။ လက်ရှိမှာ လူ့အသက်တွေကို ကာကွယ်ဖို့ အာရုံစိုက်ထားတယ်လို့ အယ်ဆာဗေးဒိုးနိုင်ငံရဲ့ အရပ်ဖက်ကာကွယ်ရေးအေဂျင်စီ အကြီးအကဲ လူးဝစ် အမ်မရာက ပြောဆိုပါတယ်။

ဂွါတီမာလာ အာဏာပိုင်တွေက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ရာမှာ လူ ၁၀ ဦး ‌ေ-သဆုံးကြောင်းနဲ့ လူဦးရေ ၁၁၀၀၀ နီးပါး ရေဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရကာ ခိုလှုံရေးစခန်းတွေမှာ လူ ၃၈၀ လောက်ရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။ လူနေအိမ် ၃၀၀ ခန့် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ပြီး တံတားလေးစင်းလည်း ပျက်စီးခဲ့တယ်လို့ ပြောဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ အိမ်နီးချင်း ဟွန်ဒူရပ်စ်နိုင်ငံမှာ လူ ၁ ဦး‌ေ-သဆုံးကာ လူပေါင်း ၁၂၀၀ နီးပါးကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ မိုးသည်းထန်မှုတွေကြောင့် လူနေရပ်ကွက် ၁၈၀ လောက် အဆက်အသွယ်ပြတ်တောက်နေပြီး နေအိမ် ၂၂ လုံး ပျက်စီးခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မက္ကဆီကိုနိုင်ငံ ဒေသအများစုမှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ပစိဖိတ်နဲ့ အတ္တလန္တိတ်ကမ်းရိုးတန်းဒေသတွေတလျှောက် မိုးသည်းထန်မှုတွေ၊ မိုးကြိုးပစ်မှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေ၊ မိုးသီးကြွေကျမှုတွေနဲ့ မြစ်ရေလျှံမှုတွေဖြစ်ပေါ်နိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

မိုးကြီးမှုကြောင့် ကြာသပတေးနေ့က Oaxaca ပြည်နယ်ရှိ က-လေ-းဆေးရုံတစ်ခုမှ လူ ၈၀ ခန့်ကို အာဏာပိုင်တွေက နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။ သို့ပေမယ့်လည်း မိုးရွာသွန်းမှုတွေကြောင့် နိုင်ငံတစ်ဝန်း မိုးခေါင်ရေရှားဒဏ်ခံနေရတဲ့ ရေလှောင်ကန်တွေအတွက်တော့ ရေဖြည့်တင်းမှုဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

မက္ကဆီကို Conagua ရေအရင်းအမြစ် အာဏာပိုင်အဖွဲ့က ၁ နာရီ ၄၄ မိုင်နှုန်း လေပြင်းတိုက်ခတ်မှုတွေနဲ့ ပင်လယ်ကွေ့နဲ့ ကာရေဘီယံကမ်းရိုးတန်းဝန်းကျင်မှာ အမြင့် ၁၀ ပေခန့်ရှိ ဒီလှိုင်းတွေဖြစ်ပေါ်နိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

Ref: Aol


LEAVE A REPLY

Please enter your comment!
Please enter your name here