လူငယ်ခြေသစ်များ ကစားနေသည့် Futsal Amateur Cup 2024(၁၄)ဂိုးအများဆုံး သွင်းယူနိုင်သည့် အသင်း စတင်ထွက်ပေါ်

0
128

လူငယ်ခြေသစ်များ ကစားနေသည့် Futsal Amateur Cup 2024 တွင် (၁၄)ဂိုးအထိ အများဆုံး သွင်းယူနိုင်သည့် အသင်း စတင်ထွက်ပေါ်လာခဲ့သည်။

ယနေ့ ဇွန်(၂၃)ရက်တွင် Champion Team အသင်းနှင့် Team Starboyz FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Champion Team အသင်းက (၁၄)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ယှဉ်ပြိုင်ကစားပြီးသည့် အုပ်စုအဆင့် အမှတ်ပေးဇယားရပ်တည်မှု ရလဒ်များလည်းထွက်ပေါ်ခဲ့ပြီး အုပ်စု (A)တွင် FITHOUSE FC က ရမှတ်(၃)မှတ် သွင်းဂိုးအသာစီးဖြင့် အုပ်စုအဆင့် ပထမ၊ အုပ်စု(B)တွင် FULSAL94 FCက ရမှတ်(၃)မှတ်ဖြင့် သွင်းဂိုးအသာစီးဖြင့် အုပ်စုတွင်း ပထမ နေရာတို့တွင် ရပ်တည်နေပြီဖြစ်သည်။

အလားတူ အုပ်စု(C)တွင် FCT YOUTH FC က ရမှတ် (၃)မှတ် သွင်းဂိုးအသာစီးဖြင့် အုပ်စုတွင်း ပထမ၊ အုပ်စု(D)တွင် GOLD DREAM FC က ရမှတ်(၃)မှတ် သွင်းဂိုးအသာစီးဖြင့် အုပ်စုတွင်း ပထမ၊ အုပ်စု (E)တွင် CHAMPION TEAM က ရမှတ်(၃)မှတ် သွင်းဂိုးအသာစီးဖြင့် အုပ်စုတွင်း ပထမ နေရာတို့တွင် အသီးသီးရပ်တည်နေပြီး မနက်ဖြန် ဇွန်(၂၄)ရက် နံနက်ပိုင်းတွင် အုပ်စုအဆင့် အသင်း (၁၂)တို့ ထပ်မံယှဉ် ပြိုင်ကစားသွားရန် ရှိနေသည်။

အသင်းပေါင်း(၅၀)မှ ကစားသမားပေါင်း (၈၀၀)ဝင်ရောက်ယှဉ်ပြိုင်နေသည့် Futsal Amateur Cup 2024 ပြိုင်ပွဲကို ယမန်နေ့ ဇွန်(၂၂) ကစတင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များကို ဇွန် (၂၂)မှ ဇူလိုင် (၈) ရက် အထိလည်းကောင်း၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကို ဇူလိုင် (၁၀) ရက်မှ (၁၄ )ရက် အထိ လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် (၁၆) ရက်တွင် လည်းကောင်း၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင် (၁၈) ရက်တွင် လည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here