ဟူသီများက အစ္စရေးနိုင်ငံ ဟိုင်ဖာရှိ စီးပွားရေးကုန်သွယ်သင်္ဘောများကို တိုက်ခိုက်

0
253

ယီမင်နိုင်ငံ အန်ဆာအလ္လာဟ်(ဟူသီ)လှုပ်ရှားမှုတပ်ဖွဲ့များသည် အီရတ်နိုင်ငံမှ အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုတပ်ဖွဲ့များနှင့် ပူးပေါင်း စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး အစ္စရေး ဆိပ်ကမ်းမြို့ ဟိုင်ဖာရှိ စီးပွားရေး ကုန်သွယ်ရေယာဉ် လေးစင်းကို တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းစစ်ဆင်ရေး၏ စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ Yahya Saria က ပြောကြားခဲ့သည်။ ဘိလပ်မြေတင်သင်္ဘောနှစ်စင်းနှင့် အခြားကုန်တင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သူကဆိုသည်။

ထို့အပြင် ဟူသီတို့၏ဒရုန်းများသည် မြေထဲပင်လယ်အတွင်း ဟိုင်ဖာဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော Shorthorn Express သင်္ဘောကို တိုက်ခိုက်ခဲ့ကြောင်း Yahya Saria က ပြောကြားခဲ့သည်။

“စစ်ဆင်ရေးနှစ်ခုစလုံးဟာ သူတို့ရဲ့ပစ်မှတ်တွေကို အောင်မြင်စွာ ထိရောက်မှုရှိခဲ့ပါတယ်။ တိုက်ခိုက်မှုတွေဟာ တိကျပြီး တိုက်ရိုက်ထိမှန်ခဲ့ကြတာဖြစ်ပါတယ်” ဟု သူကပြောငည်.

ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများ ပြင်းထန်လာပြီးနောက်၊ ဟူသီများက အစ္စရေးတို့နှင့် ဆက်နွယ်သည့် သင်္ဘောများကို ပင်လယ်နီနှင့် Bab el-Mandeb ရေလက်ကြားအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်၍ ဟူသီတို့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်းရှိ အရပ်ဘက်သင်္ဘော ဒါဇင်ပေါင်းများစွာကို အစ္စရေးနှင့် ဆက်နွယ်ပတ်သက်နေသည်ဟု စွပ်စွဲကာ တိုက်ခိုက်ခဲ့သည်။

တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် ပင်လယ်နီအတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် ပင်လယ်နီအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းစေရန် ရည်ရွယ်သည့် ဂါးဒီးယန်းစစ်ဆင်ရေးကို စတင်ခဲ့သည်။ နောက်ပိုင်းတွင်၊ အမေရိကန်နှင့် ဗြိတိန်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယီမင်မြို့အများအပြားရှိ သူပုန်များထိန်းချုပ်ထားသည့် နေရာများကို ပူးတွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here