အထူးအစီအစဉ်ဖြင့် ကနဦး လူ (၃ဝဝ) ကို နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ဆောင်ရွက်ပေးမည်ဟု စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကြေညာ

0
312

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ပတ်စ်ပို့သက်တမ်းတိုးရန် စာရင်းပေးသူ ၉၀၀ဦးရှိသည့်အထဲမှ အထူးအစီအစဉ်ဖြင့် ကနဦး လူ (၃ဝဝ) ကို နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါသံရုံးမှ ကြေညာထားသည်။

အဆိုပါ အထူးအစီအစဉ်အနေဖြင့် ကနဦး လူ ၃၀၀ ကို ပတ်စ်ပို့သက်တမ်းတိုးပေးခြင်းအား ဇွန်လ (၂၃) ရက်မှ စတင်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူ ၃၀၀ ၏ အမည်နှင့်အချိန်ကို သံရုံး၏ အင်တာနက်စာမျက်နှာတွင် အသိပေးကြေညာထားပြီး ဆောင်ရွက်သူများအနေဖြင့် သတ်မှတ်ထားသည့် အချိန်အတွင်း လာရောက်ရန် မေတ္တာရပ်ခံထားသည်။

ဇွန်လ (၂၅)ရက်မှ (၂၇)ရက် နေ့လည် (၁) နာရီမှ (၃) နာရီအထိ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် (၆၀၀) အား သက်တမ်းတိုးဆောင်ရွက်ပေးမည့် နေ့ရက်ကို ဇွန်လ (၂၆)ရက်တွင် ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သံရုံးအနေဖြင့် စင်္ကာပူရောက် မြန်မာနိုင်ငံသား (၁၂၀)ဦးခန့်ကို နေ့စဉ် online appointment စနစ်ဖြင့် (၇၅) ဦးခန့်၊ Whatsapp appointment စနစ်ဖြင့် (၄၅)ဦးခန့်တို့ကို ပတ်စ်ပို့သက်တမ်းတိုးခြင်းကို ပုံမှန်ဆောင်ရွက်ပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here