ပြည်ပသို့ပို့ဆောင်ပေးနေသည့် အလုပ်အကိုင်အေဂျင်စီအသစ်များ တိုးလာ

0
113

ပြည်ပသို့ပို့ဆောင်ပေးနေသည့် အလုပ်အကိုင်အေဂျင်စီအသစ်ဖွင့်လှစ်လုပ်ကိုင်မှုများ ဆက်ပြီးတိုးမြင့်လာနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ယခုနှစ် ဇွန်လ ပထမအပတ်အတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် (၃) ခု ထပ်တိုးလာပြီး လက်ရှိတွင် စုစုပေါင်း အေဂျင်စီအရေအတွက် (၅၆၈) ခုအထိရှိလာကြောင်း သိရသည်။

ဝန်ကြီးဌာန၏ စာရင်းများအရ ပြီးခဲ့သည့် မေလထဲ၌ အေဂျင်စီ (၁) ခုနှင့် ဧပြီလ၌ အေဂျင်စီ (၅)ခု တိုးလာကာ (၃)လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ်ဖွင့်လှစ်သည့် အရေအတွက် (၉)ခုရှိလာခြင်း ဖြစ်သည်။

ထိုသို့အေဂျင်စီများတိုးနေသော်လည်း လုပ်သားစေလွှတ်မပေးနိုင်သည့် အေဂျင်စီများလည်း ရှိနေကြောင်း အေဂျင်စီလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကလည်း ပြောသည်။

“ဈေးကွက်ထဲမှာ တဘက်က လုပ်သားခေါ်ယူမှုက ပုံမှန်ပဲဆိုတော့ အေဂျင်စီတွေသာများလာတယ်။ လူတွေကတော့မျှသွားတာပေါ့၊ အလုပ်သမားမပို့နိုင်တဲ့ အေဂျင်စီတွေလည်းများတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ပြည်တွင်း၌ လုပ်သားစေလွှတ်ခွင့်နှင့် ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ အသက်အရွယ်ကန့်သတ်မှုများ ရှိနေသော်လည်း လစဉ်လုပ်သား နှစ်သောင်းနီးပါး ပြည်ပသို့ထွက်ခွာနေကြကြောင်းလည်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here