ပြည်တွင်းကိုသာ အားထားရောင်းချနေရသည့် မွေးမြူရေးဂဏန်းပျော့ဈေးကောင်းမရဟုဆို

0
419

ပြည်ပသို့ တင်ပို့ရောင်းချရခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်တစ်ခုတည်းကိုသာ အားထားရောင်းချနေရသည့် မွေးမြူရေးဂဏန်းအရေ‌ပျော့များ ဈေးကောင်းမရကြောင်း ဂဏန်းအရေပျော့ မွေးမြူထုတ်လုပ် တင်ပို့ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါ ဂဏန်းအရေပျော့ လုပ်ငန်းရှင်များသည် ဂဏန်းအရေပျော့ ရရှိစေရန်အတွက် ဂဏန်းအခွံမာကောင်များကို ဝယ်ယူပြီး ခြေထောက်နှင့် လက် (၄)ချောင်းကို ဖြ—တ်ပြီး ရေထဲချ အစားကျွေး မွေးမြူရခြင်းဖြစ်ပြီး ရေထဲချ မွေးမြူလိုက်သည့် ဂဏန်းအခွံမာများကို (၄) နာရီခြား အရေခွံပြောင်းလဲချိန် စောင့်ကြည့်ပြီး ဂဏန်းပျော့ ရရှိစေရန်အတွက် ကျွမ်းကျင်လုပ်သားများက အလျင်အမြန် ဆယ်ယူရခြင်းဖြစ်သည်။

ဧရာဝတီတိုင်းမှ ရရှိသည့်မွေးမြူရေးဂဏန်း အရေ‌ပျော့များကို ယခင်က ထိုင်း၊ စင်ကာပူ၊ တရုတ်နှင့် ဥရောပနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ရသော်လည်း ယခုတွင် ပြည်တွင်းဈေးကွက်တခုတည်းကိုသာ အားထားရောင်းချနေရကြောင်း သိရသည်။

ယခုအခါ  ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားခြင်းနှင့် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းများ‌ကြောင့် ဂဏန်းအရေပျော့များကို ပြန်လည် မတင်ပို့နိုင်သေးခြင်း၊ အကန့်အသတ်ဖြင့်သာ တင်ပို့နေရခြင်း၊ ပြည်တွင်းဈေးကွက်တခုတည်းကိုသာ အားထားနေရခြင်းနှင့် ဈေးကောင်းမရဖြစ်ပြီး အရှုံးပေါ်နေခြင်းကြောင့် မွေးမြူရေးလုပ်ငန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း သိရသည်။

ယခင်က ဂဏန်းပျော့ တပိဿာကို ငွေကျပ် (၁၇,၅၀၀) မှ (၂၅,၀၀၀) အထိ ဈေးရရှိခဲ့ပြီး လက်ရှိ ဂဏန်းပျော့ တပိဿာကို ငွေကျပ် (၁၂,၀၀၀)အထိသာ ရရှိတော့သည့်အတွက် လုပ်သားခ၊ သွင်းအားစုစရိတ်၊ အခြား အထွေထွေကုန်ကျစရိတ်များနှင့် နှိုင်းယှဉ်တွက်ချက်ပါက အရှုံးပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here