အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသည့် ဆီတန်ချိန် ၅၃၀၀ တန်တင်ဆောင်လာသည့် စားအုန်းဆီတင်သင်္ဘော ရန်ကုန်မြို့သို့ ရောက်ရှိ

0
218

မြန်မာနိုင်ငံ၌ ဆီစားသုံးသူပြည်သူများ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ထပ်မံတင်သွင်းလာသည့် ဆီတန်ချိန် ၅၃၀၀ တန်တင်ဆောင်လာသည့် စားအုန်းဆီတင်သင်္ဘောကြီးသည် ဇွန် (၁၉) ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီသိုလှောင်ကန်ကြီးများတွင် ဆီတန်ချိန် ၄၀၀၀၀ ကျော် ရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

“ကျန်းမာရေးနှင့် ညီညွတ်တဲ့စားသုံးဆီတွေကို ပြည်တွင်းမှာ ဖူလုံရေးအတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဖြန့်ဖြူးမှုအနေနဲ့ လက်ရှိတိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ စားသုံးသူများရဲ့လိုအပ်ချက်အတိုင်း အနီးစပ်ဆုံးလိုအပ်ချက်ပြည့်မီအောင် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဥပမာ -ရန်ကုန်ဆိုရင် ဆီတန်ချိန်တစ်သောင်းလေးထောင်ခန့်၊ မန္တလေးဆိုရင် ဆီတန်ချိန် ခုနစ်ထောင်ခန့် ဖြန့်ဖြူးပေးတယ်” ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက စားသုံးဆီတင်သွင်းဖြန့်ဖြူးနေမှုကို လာရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။

လက်ရှိ ဖြန့်ချိရေးအပိုင်းတွင် ကုမ္ပဏီ (၂၆) ခုနှင့် လစဉ်တန်ချိန် (၃)သောင်းကျော် တင်သွင်းပြီး ဖြန့်ချိပေးနေကာ ရန်ကုန်တိုင်းအတွင်း၌ လက်လီဆိုင်ပေါင်း ၅၈၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ ဆိုင်များက နေ့စဉ်ထုတ်ရသည့် ဆီကို မြို့နယ်အလိုက် တစ်ရက်လျှင် ဆီပီပါ (၂၆၆၀) ကျော် ဖြန့်ချိပေးရပြီး ရန်ကုန်တိုင်းဒေသကြီး (၄၄) မြို့နယ်ရှိ လက်ရှိလူဦးရေ၊ ဝန်ထမ်းအင်အား၊ ဘာသာရေးအဖွဲ့အစည်းတွေ အပါအဝင် လက်ဖက်ရည်ဆိုင်လေးများမှအစ အကြော်အလှော်ဆိုင်လေးများအထိ တွက်ချက်ပြီး မြို့နယ်တစ်မြို့နယ်ချင်းအလိုက် သတ်မှတ်ချက်နှင့်အညီ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here