မူဆယ် (၁၀၅)မိုင်တွင် ကျွဲတစ်ကောင် လိုက်ခ-တ်သဖြင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးကာ ဒေသခံ(၂၀) ကျော်ထိခိုက်ဒဏ်ရာများရရှိ

0
159

မူဆယ်မြို့၊ (၁၀၅)မိုင်ကျေးရွာအတွင်း ကျွဲတစ်ကောင်လိုက်ခ-တ်သဖြင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီးဒေသခံ (၂၀) ကျော်ထိခိုက်ဒဏ်ရာများရရှိခဲ့‌ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ကျွဲမှာ မိုင်းယု(၁၀၅)မိုင်အုပ်စု မန့်မော်ရွာဘက်မှ ထွက်ပြေးလာခြင်းဖြစ်ပြီး ဇွန်(၂၂)ရက်၊ ညနေ(၅)နာရီအချိန်တွင် ကျေးရွာအတွင်းရှိလူများအား လိုက်ခ-တ်ခဲ့ခြင်းကြောင့် တစ်ဦး‌ေ-သဆုံးကာ (၂၀)ဦးဒဏ်ရာရရှိသည့်အနက် (၁၀) ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

ကျွဲခတ်ခံရ၍‌ေ-သဆုံးခဲ့ရသောအမျိုးသမီးမှာ အသက်(၅၀) ကျော်အရွယ် ဒေါ်ယာကြာအေး(ခ)ယာမာမိုးအေးဆိုသူ ဖြစ်ပြီး မိုင်းယု(၁၀၅)မိုင် နယ်မြေ (၃)၌ နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း ဒဏ်ရာပြင်းထန်ရရှိသည့်ဒေသခံများအား မိုင်းယု(၁၀၅)မိုင် ပါရမီလူမှုကူညီရေးအသင်းမှ အရေးပေါ်ကားနှစ်စီးနှင့် မေတ္တာမွန်လူမှုကူညီရေးအသင်းကားတစီးအပြင် အိမ်စီးကားများဖြင့် ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

မန့်မော်ရွာဘက်မှ ထွက်ပြေးလာသည့် အဆိုပါကျွဲမှာ နမ့်ဖတ်ကာဘက်မှ ဝယ်ယူလာခြင်းဖြစ်ပြီး ချည်တိုင်တွင် ကြိုးချည်ထားရာမှ ထွက်ပြေးလွတ်မြောက်ကာ လမ်းတစ်လျှောက် လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့ကပြောသည်။

ဓာတ်ပုံ – ပါရမီလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here