ခရိုင်းမီးယားဒေသအပေါ် ယူကရိန်းရဲ့ အ‌ေ-သအပျောက်ရှိ တိုက်ခိုက်မှုအတွက် အမေရိကန်မှာ တာဝန်ရှိကြောင်း ရုရှား ပြောကြား

0
231

ယူကရိန်းက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို အမေရိကန်ထောက်ပံ့ထားတဲ့ ဒုံးကျည် ငါးစင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် က–လေ–း သုံးဦး အပါအဝင် လူ ငါးဦး ‌ေ-သဆုံးကာ ၁၂၄ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ ဒီတိုက်ခိုက်မှုအတွက် အမေရိကန်မှာ တာဝန်ရှိကြောင်း ရုရှားက ဇွန် ၂၃ ရက်မှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန်က ပေးပို့ထားသော ကလပ်စတာထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ Army Tactical Missile System(ATACMS) ဒုံးကျည် လေးစင်းကို လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ ပစ်ချနိုင်ခဲ့ပြီး ပဉ္စမမြောက် ဒုံးကျည်ကတော့ ဝေဟင်မှာ ပေါက်ကွဲသွားခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။

အမေရိကန် အထူးကျွမ်းကျင်သူတွေက အမေရိကန် သူလျှိုဂြိုဟ်တုမှ သတင်းအချက်အလက်တွေကို အခြေခံကာ ဒုံးကျည်တွေ ပျံသန်းတဲ့ ကိုသြဒီနိတ်တွေကို သတ်မှတ်ခဲ့တာဖြစ်ပြီး ဒါဟာ ဝါရှင်တန်မှာ တိုက်ရိုက်တာဝန်ရှိတဲ့ သဘောဖြစ်ကြောင်းလည်း ဝန်ကြီးဋ္ဌာနက ဆိုခဲ့ပါတယ်။

ဆီဗာစတိုလ်ပူးလ် အရပ်သားတွေကို ရည်ရွယ်ချက်ရှိစွာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့မှုအတွက် တာဝန်ရှိမှုက ဒီလက်နက်တွေကို ယူကရိန်းကို ပံ့ပိုးပေးထားတဲ့ ဝါရှင်တန်နဲ့ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ နယ်မြေမှ ကိဗ်အစိုးရတို့ဟာ အားလုံးထက် တာဝန်ပိုကြီးကြောင်း ဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။

အမေရိကန်ဟာ ကီလိုမီတာ ၃၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်တဲ့ ATACMS တာဝေးပစ် ဒုံးကျည်တွေကို ယခုနှစ်အစောပိုင်းကစလို့ ယူကရိန်းကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

Ref: DH


LEAVE A REPLY

Please enter your comment!
Please enter your name here