လူမှုဖူလုံရေးကတ် ပျောက်ဆုံးလျှောက်ထားခြင်းတွင် ဇူလိုင်လမှ စတင်ပြီးဒဏ်ကြေးတိုးမည်

0
285

လူမှုဖူလုံရေးကတ် ပျောက်ဆုံး(သို့မဟုတ်)ပျက်စီး လျှောက်ထားပါက ဇူလိုင်လမှစတင်ပြီး ဒဏ်ကြေး တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့က ဇွန်လ (၂၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

လက်ရှိတွင် လူမှုဖူလုံရေးကတ် ပျောက်ဆုံး/ပျက်စီးပြန်လျှောက်ပါက ဒဏ်ကြေး ငါးထောင်ကျပ်သာပေးသွင်းရခြင်းဖြစ်သည်။

ယခုအခါ ဇူလိုင် (၁) ရက်မှစတင်ပြီး ပထမအကြိမ် ဒဏ်ကြေး သုံးသောင်းကျပ်၊ ဒုတိယအကြိမ် ဒဏ်ကြေးငါးသောင်းကျပ်နှင့် တတိယအကြိမ်နှင့်အထက် လျှောက်ထားပါက တစ်သိန်းကျပ်ပေးသွင်းရမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

ကတ်ပျောက်လျှောက်ထားသည့်ကာလအတွင်းဆေးကုသမှုခံယူနိုင်ရန် ကတ်ပျောက်လျှောက်ထားကြောင်း ဆေးကုသခွင့် ထောက်ခံစာကိုလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူမှုဖူလုံရေးကျန်းမာရေး အာမခံအကျိုးခံစားခွင့်အတွက် လစာ၏နှစ်ရာခိုင်နှုန်း၊ အလုပ်ရှင်မှ နှစ်ရာခိုင်နှုန်း၊ လုပ်ငန်းခွင် ထိခိုက်မှုအကျိုးခံစားခွင့်အတွက် အလုပ်ရှင်မှ အလုပ်သမားလစာ၏ တစ်ရာခိုင်နှုန်းကို လစဉ်ပေးဆောင်ရခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း၌ လူမှုဖူလုံရေးဝင်ထားသည့် အလုပ်သမားဦးရေ ၁ ဒသမ၂သန်းနီးပါးရှိကြောင်း စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here