လားရှိုး – မူဆယ်သွား မိုင်းရင်ရွာကွင်းရှောင်လမ်း လမ်းချော်မှုများကြောင့် ဒေသတွင်း ခရီးသွားကား ရာနှင်ချီ ပိတ်ဆို့နေ

0
300

ရှမ်းပြည်မြောက်ပိုင်း ၊ လားရှိုး – မူဆယ်သွား တောတွင်းကွင်းရှောင်လမ်းတစ်ခုဖြစ်သည့် မိုင်းရင်ရွာလမ်းပိုင်းတွင် မိုးရက်ဆက်ရွာသွန်းမှုများကြောင့် လမ်းချော်ကာ ယာဉ်များ တိမ်းမှောက်ခြင်း၊ နွံနစ်ခြင်းများကြောင့် ဒေသတွင်း ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ မိုင်းရင်ရွာတောတွင်း ကွင်းရှောင်လမ်းသည် သိန္ဒီမြို့နှင့် ကွတ်ခိုင်မြို့တို့အား ကွင်း၍ သွားရသည့် လမ်းပိုင်းဖြစ်ပြီး နမ့်ဖတ်ကာမှတဆင့် မူဆယ်မြို့သို့ ခရီးပေါက်ခြင်းလည်း ဖြစ်သည်။

ယင်းလမ်းပိုင်အပြင် ယခင်က လားရှိုး – နမ္မတူ – အီနိုင်းတံတားကို ဖြတ်သည့် လမ်းပိုင်းရှိသော်လည်း ယခုအခါ မြောင်းများတူးဖော်ထားသည့်အတွက် ဒေသတွင်းခရီးသွားယာဉ်များ သွားလာ၍မရတော့ဘဲ မိုင်းရင်တောကွင်းကွင်းရှောင်လမ်းကို အသုံးပြုနေရခြင်းဖြစ်သည်ဟုဆိုသည်။

” ဒေသတွင်း စစ်ရေးတင်းမာလာနေတာကြောင့် လမ်းပိုင်းတွေ သွားလာရတာ တော်တော် ဒုက္ခရောက်တယ်။ တစ်လမ်းပိတ်ရင်း တစ်လမ်း ဒီလိုပဲ ကိုယ့်လမ်းကိုယ်ဖောက်သွားနေရတဲ့ အခြေအနေပေါ့။ ဒီကြားထဲ မိုးကရွာတော့ တော်တော်ကို ဒုက္ခရောက်တယ်။ လားရှိုး – မူဆယ်က မိုင် နှစ်ရာ နီးပါးလောက်ကို နှစ်ည သုံးညအိပ်ပြီးမှ ရောက်သလိုဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

လားရှိုးမှ မူဆယ်သို့ ပြည်ထောင်စု လမ်းမကြီးအတိုင်း သွားပါက  သိန္ဒီ – ကွတ်ခိုင် – နမ့်ဖတ်ကာ – (၁၀၅)မိုင် တို့ကို ဖြတ်၍ ရောက်ရှိနိုင်သော်လည်း ယခု ဒေသတွင်း အခြေအနေများကြောင့် တောတွင်း ကွင်းလမ်းများကို အသုံးပြုရသည့် အတွက် ခရီးကြန့်ကြာနှောင့်နှေးမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here