တောင်ကိုရီးယား၌ ဘက္ထရီစက်ရုံမီးလောင်၊၂၀ ဦး ခန့် ‌ေ-သဆုံး

0
415

ဆိုးလ်၊ဇွန် ၂၄

တောင်ကိုရီးယားနိုင်ငံ၌ လီသီယမ်ဘက္ထရီစက်ရုံတစ်ခုတွင် မီးလောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၀ ထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကပြောကြားခဲ့ပြီး မီးသတ်သမားများသည် အဆောက်အအုံအတွင်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းလည်းဆိုခဲ့သည်။

လီသီယမ် – အိုင်းရွန်း ဘက်ထရီများကိုစစ်ဆေးထုပ်ပိုးထားသည့် ဒုတိယထပ်မှ ပေါက်ကွဲသံဆက်တိုက်ကြားရချိန်တွင် အလုပ်သမား ၁၀၀ ကျော်သည် စက်ရုံတွင်း၌ အလုပ်လုပ်နေခဲ့ကြောင်း မီးသတ်ဌာနမှ မီဒီယာများအားပြောကြားခဲ့သည်။

စက်ရုံဝန်ထမ်း ၇၈ ဦးအား ဘေးကင်းစွာကယ်ထုတ်ထားနိုင်ပြီး ၂၀ ဦး‌ေ-သဆုံးကာ ကျန်သူများပျောက်ဆုံးနေသေးကြောင်းသိရပြီး မီးများကြားမှပင် ဝန်ထမ်းများအား ကယ်ထုတ်နိုင်ရန် မီးသတ်သမားများ အသည်းအသန်ကြိုးစားခဲ့ကြရသည်ဟုလည်းသိရသည်။

လီသီယမ်စက်ရုံဖြစ်သဖြင့် လီသီယမ်ဘက္ထရီများသည် လောင်ကျွမ်းလွယ်ပြီး ပူပြင်းသဖြင့် သမားရိုးကျမီးငြှိမ်းသတ်နည်းများဖြင့် မီးကိုထိန်းချုပ်ရန်ခက်ခဲကာ နောက်ထပ်ပေါက်ကွဲမှုများ ထပ်ဖြစ်လာမည်ကိုစိုးရိမ်သဖြင့် စက်ရုံအတွင်းဝင်ရောက်ရန်ခက်ခဲနေသည်ဟုလည်းဆိုသည်။

ဘက္ထရီများဖြစ်သဖြင့် ရေနှင့်မီးငြှိမ်း၍အဆင်မပြေသဖြင့် သဲခြောက်သုံးကာမီးငြှိမ်းနေရသည်ဟုလည်း မီးသတ်ဌာနမှတာဝန်ရှိသူများကပြောကြားခဲ့ပြီး တောင်ကိုရီးယားသမ္မတကမူ သက်ဆိုင်ရာအာဏာပိုင်များအားလုံးကိုခေါ်ယူပြီး ကယ်ဆယ်ရှာဖွေရေးကိုအာရုံစိုက်ရန်ညွှန်ကြားခဲ့ကြောင်းသိရသည်။

မီးငြှိမ်းသတ်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မီးလောင်ကျွမ်းမှုဖြစ်ရခြင်းအကြောင်းအရင်းကို မသိရသေးကြောင်းလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အေတီ/ကေဂျီ


LEAVE A REPLY

Please enter your comment!
Please enter your name here