ဗီယက်နမ်မှာ နျူဓါတ်အားပေးစက်ရုံတွေ ဖော်ဆောင်ဖို့ ရုရှား ကမ်းလှမ်းထား

0
328

သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဟနွိုင်းခရီးစဉ်အတွင်း ဗီယက်နမ်မှာ နျူကလီးယားဓါတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ရာ ရုရှားက ကမ်းလှမ်းခဲ့တယ်လို့ ရုရှားနိုင်ငံ နျူကလီးယားစွမ်းအင်ကုမ္ပဏီ Rosatom ရဲ့ အကြီးအကဲ အလက်ဇီ လီခါချက်ဗ်က ပြောဆိုတယ်လို့ RIA သတင်းဋ္ဌာနက တနင်္လာနေ့(ဇွန် ၂၄) မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပူတင်ရဲ့ ဗီယက်နမ်ခရီးစဉ်မှာ လိုက်ပါသွားခဲ့သူဖြစ်တဲ့ လီခါချက်ဗ်က ဗီယက်နမ် ဝန်ကြီးချုပ် Pham Minh Chinh ကို သူ ယင်းသို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ဗီယက်နမ် ဝန်ကြီးချုပ်နဲ့ စကားပြောဆိုခဲ့ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ရာ ဖြစ်နိုင်ချေရှိတဲ့ ရွေးချယ်စရာအားလုံးကို ကျွန်တော်တို့ ကမ်းလှမ်းခဲ့ပါတယ်” လို့ လီခါချက်ဗ်က ဆိုခဲ့ကြောင်း RIA က ဖော်ပြပါတယ်။

Rosatom ဟာ နိုင်ငံခြားမိတ်ဖက်တွေကို စွမ်းအားမြင့် သာမက စွမ်းအင်နိမ့် နျူဓါတ်အားပေးစက်ရုံတွေကို မြေပြင်အခြေစိုက်နဲ့ ရေပေါ်ဗားရှင်း နှစ်မျိုးစလုံးအတွက် ကမ်းလှမ်းထားတယ်လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်မှာ နျူဓါတ်အားပေးစက်ရုံမရှိသေးသလို နိုင်ငံရဲ့ ပထမဆုံး နျူဓါတ်အားပေးစက်ရုံနှစ်ခု တည်ဆောက်ရေး အစီအစဉ်ဟာလည်း ဂျပန်နိုင်ငံမှာ ဖူကူရှီးမား နျူစက်ရုံ ဘေးအန္တရာယ်ကျရောက်မှုနဲ့ ဘတ်ဂျက်ကန့်သတ်ချက်တွေကြောင့် ၂၀၁၆ ခုနှစ်မှာ ဖျက်သိမ်းလိုက်ရပါတယ်။

ဗီယက်နမ်မှာ ယင်းစက်ရုံတွေ တည်ဆောက်မယ့် အစီအစဉ် ဖျက်သိမ်းခြင်းမပြုမီက ရုရှားရဲ့ ခေတ်မီဓါတ်ပေါင်းဖိုတွေ ပါဝင်သော စွမ်းအင်မြင့်ယူနစ်တွေကို အခြေခံတဲ့ စီမံကိန်းတစ်ခုအတွက် Rosatom က ဟနွိုင်းကို ကမ်းလှမ်းမှုလုပ်ခဲ့သေးတယ်လို့ လီခါချက်ဗ်က ပြောဆိုပါတယ်။

ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ‌ေ-သနတ် ၂၁ ချက်ဖောက် အလေးပြုမှုခံယူခဲ့ရတဲ့ ပူတင်ရဲ့ ခရီးစဉ်အတွင်း ရုရှားနဲ့ ဗီယက်နမ်တို့ဟာ စွမ်းအင်ကဏ္ဍအပါအဝင် အကြောင်းအရာများစွာကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here