အိန္ဒိယ အရက်အဆိပ်သင့် ၍‌ေ-သဆုံးသူ ၅၆ ဦးရှိလာ

0
249

ကလဂူရီချီ၊ဇွန် ၂၄

အိန္ဒိယနိုင်ငံ၌ တရားမဝင် ချက်အရက်များကို သောက်သုံးမိပြီးနောက် လူအများအပြား ကို ဆေးရုံတင်ခဲ့ရရာ ‌ယခုအခါ ‌ေ-သဆုံးသူ အရေအတွက်သည် ၅၆ ဦးအထိရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့ပြီး ‌ဆေးရုံတက်ရသူများအနက် ၁၁၇ ဦးမှာ သက်သာလာပြီဖြစ်ကြောင်းလည်းသိရသည်။

ယခင်ရက်သတ္တပတ်က ပြည်နယ်မြို့တော် ချန်နိုင်းမှ ကီလိုမီတာ ၂၅၀ ခန့်အကွာ ကလဂူရီချီခရိုင်တွင် တရားမဝင် ချက်အရက်ကို သောက်သုံးပြီးနောက် အော့အန်ခြင်း၊ဗိုက်နာခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများကြောင့် လူ ၂၀၀ နီးပါးကို ဆေးရုံတင်လိုက်ရ ပြီး ဗုဒ္ဓဟူးနေ့မှစတင် ဆေးကုသပေးခဲ့ရခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ စျေးပေါသော ချက်အရက်ကြောင့် နှစ်စဉ် လူရာနှင့်ချီ‌ေ-သဆုံးနေရသော်လည်း ယခုအဆိပ်သင့်မှုဖြစ်စဥ်သည် မကြာသေးမီနှစ်များအတွင်း အဆိုးဆုံးအဆိပ်သင့်မှုတစ်ခုဖြစ်သည်။

ချက်အရက်၏အာနိသင်ကို မြှင့်တင်နိုင်ရန်အတွက် အရက်ချက်ရာ၌ မီသနောပါ၀င်သောကြောင့် မျက်စိကွယ်ခြင်း၊အသည်းပျက်စီးခြင်းနှင့် ‌ေ-သဆုံးခြင်းတို့အထိလည်းဖြစ်စေနိုင်သည်။

အိန္ဒိယနိုင်ငံ၏ ဒေသအများအပြားတွင် အရက်ရောင်းချခြင်းနှင့် အရက်သောက်ခြင်းကို တားမြစ်ထားသဖြင့် တစ်ခါတစ်ရံ၌ ‌ေ-သစေတတ်သည့်မှောင်ခိုဈေးကွက်ကို ဖြစ်ပေါ် စေခဲ့သည်။

ယမန်နှစ်ကလည်း အဆိပ်ပြင်းသော အရက်ကြောင့်အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် တစ်ထိုင်တည်း လူ ၂၇ ဦးထက်မနည်း‌ေ-သဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်ကမူ ဂူဂျာရတ်တွင် အနည်းဆုံး လူ ၄၂ ဦး‌ေ-သဆုံးသည်အထိဖြစ်ခဲ့သည်။

ကလဂူရချီခရိုင်ရှိ ဆင်းရဲနွမ်းပါးသော အလုပ်သမားများသည် အလုပ်မစမီကပင် ရူပီး ၆၀ (ကန်ဒေါ်လာ ၀ ဒသမ ၇၀) ပလတ်စတစ်အိတ်များဖြင့် အရက်ကို ပုံမှန်ဝယ်လေ့ရှိကြောင်း အိန္ဒိယမီဒီယာများကဖော်ပြခဲ့ပြီးယခုဖြစ်စဥ်သည် ဆိုးရွားလှပြီး အချို့လူများမှာမျက်စိကွယ်သွားကာ အချို့မှာ လမ်းပေါ်၌ လဲကျကာဆေးရုံမပို့မီ‌ေ-သဆုံးသွားကြသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အယ်လ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here