ကျောက်မဲမြို့အတွင်း လက်နက်ကြီးကျည်ကျရောက်သဖြင့် ထိခိုက်‌ေ-သဆုံးမှုများရှိနေ

0
256

ယနေ့ ဇွန်လ (၂၅) ရက် နံနက်အစောပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ကျောက်မဲမြို့အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်သဖြင့် ထိခိုက်‌ေ-သဆုံးမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ ရပ်ကွက်(၈)၊ အခွန်လွတ်ဈေးအနီး လက်နက် ကြီးကျည်ကျရောက်ခဲ့ရမှ အမျိုးသားတစ်ဦး ‌အသက်ဆုံးရှုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တစ်ယောက်ကတော့ နေရာမှာပဲ ‌ေ-သတယ်။ တစ်ယောက်ကတော့ ဆေးရုံပို့ထားရတယ်။ အခြေအနေတွေက ရှုပ်ထွေးနေတော့ သေချာမသိရသေးဘူး”ဟု ‌၎င်းကပြောသည်။

ထို့ပြင် ရပ်ကွက်(၉)ဘက်တွင်လည်း အမျိုးသမီးတစ်ဦး ဦးခေါင်းအား ကျည်ထိမှန်‌ေ-သဆုံးခဲ့ရသလို ကျောက်မဲမြို့ မိန်းလမ်းမကြီးပေါ်ရှိ ပန်ပေါင်းကျေးရွာအတွင်း လ က်နက်ကြီးကျည်ကျရောက်သဖြင့် အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရသ ည်။

အလားတူ ကျောက်မဲမြို့ပြင်ရှိ ခိုမုန်းကျေးရွာအတွင်း၌လည်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်‌ေ-သဆုံးမှုမရှိကြောင်း ကနဦး သိရသည်။

ကျောက်မဲမြို့အနီးတိုက်ပွဲကြောင့် ကျောက်မဲမြို့နှင့် မိုင် (၂ ၀) ဝေးသည့် နောင်ပိန်ကျေးရွာသို့ ခိုလှုံရန်စစ်ရှောင်များ တစ်ဖွဲဖွဲရောက်ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here