အမေရိကန် သူလျှိုမှုစွဲချက်မှာ အပြစ်ရှိကြောင်း ဝန်ခံခြင်းဖြင့် ဝီကီလိခ်ပိုင်ရှင် ဂျူလီယန် အက်ဆန် လွတ်မြောက်မည်

0
293

ဗြိတိန်မှာ သူ့ရဲ့ အကျဉ်းစံနေရမှုကို အဆုံးသတ်တော့မယ့် အပေးအယူသဘောတူညီချက်အရ ဝီကီလိခ်တည်ထောင်သူ ဂျူလီယန် အက်ဆန်ဟာ အမေရိကန်ရဲ့ သူလျှိုဥပဒေကို ချိုးဖောက်မှုအတွက် ယခုသီတင်းပတ်အတွင်းမှာ အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုဖို့ရှိပြီး သြစတြေးလျကို ပြည်တော်ပြန်ခွင့်ရတော့မယ်လို့ သိရပါတယ်။

မြောက်မာရီယာနာကျွန်းစုရဲ့ အမေရိကန်ခရိုင်တရားရုံးမှာ စွဲချက်တင်ထားမှုအရ လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ မှတ်တမ်းမှတ်ရာတွေကို ရယူပြီး ဖွင့်ချရန် ပူးပေါင်းကြံစည်မှု ရာဇဝတ်မှုတစ်ခုတည်းမှာ အက်ဆန်(၅၂ နှစ်) က အပြစ်ရှိကြောင်း ဝန်ခံဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

အက်ဆန်ဟာ Saipan ကျွန်းဒေသမှာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီ အမှုကြားနာမှုအတွင်း ကျခံပြီးဖြစ်သော ထောင်ဒဏ် ၆၂ လ ချမှတ်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယင်း အမှုကြားနာမှုအပြီးမှာ သူ ပြည်တော်ပြန်ခွင့်ရမယ်လို့ မျှော်လင့်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အက်ဆန်ရဲ့ ရှေ့နေတစ်ဦးကို မှတ်ချက်ပေးဖို့ တောင်းဆိုထားပေမယ့် လတ်တလောမှာ တုန့်ပြန်လာခြင်း မရှိသေးကြောင်း သိရပါတယ်။

ဝီကီလိခ်ဟာ သံတမန်ဆိုင်ရာ ကြေးနန်းတွေနဲ့အတူ ဝါရှင်တန်ရဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲဆိုင်ရာ အမေရိကန်စစ်တပ် မှတ်တမ်းမှတ်ရာပေါင်း သောင်းနဲ့ချီကို ၂၀၁၀ ခုနှစ်မှာ ဖွင့်ချခဲ့ပြီး ဒါဟာ အမေရိကန်စစ်တပ်သမိုင်းမှာ အကြီးမားဆုံး လုံခြုံရေးကျိုးပေါက်မှုဖြစ်ခဲ့ပါတယ်။

Ref: Jt


LEAVE A REPLY

Please enter your comment!
Please enter your name here