တရုတ် လစူးစမ်းရေးမစ်ရှင် ကမ္ဘာမြေသို့ ပြန်လည် ဆင်းသက်

0
256

တရုတ်နိုင်ငံရဲ့ Chanh’e-6 လ စူးစမ်းရေးယာဉ် module ဟာ အင်္ဂါနေ့(ဇွန် ၂၅) မှာ ကမ္ဘာမြေကို ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ဒါဟာ ကမ္ဘာက မမြင်ရတဲ့ လရဲ့ အမှောက်ဘက်ခြမ်းမှ နမူနာအရာဝတ္ထုတွှေကို ပထမဆုံးအကြိမ် စုဆောင်းယူဆောင်တဲ့ သမိုင်းဝင် မစ်ရှင် အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းဖြစ်ပြီး တရုတ် အာကာသအစီအစဉ်အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားဒေသရှိ သတ်မှတ်နယ်မြေမှာ ညနေ ၂ ကျော်ခန့်အချိန် module အောင်မြင်စွာ ဆင်းသက်ခဲ့တယ်လို့ နိုင်ငံပိုင် စီစီတီဗီရုပ်သံက ဖော်ပြခဲ့ပါတယ်။

စီစီတီဗီက တိုက်ရိုက်ထုတ်လွှင့်ချက်တစ်ခုမှာ လေထီးနဲ့ ဆင်းသက်လာတဲ့ module မြေပြင်ကိုကျရောက်သွားချိန်မှာ မစ်ရှင်ထိန်းချုပ်ရေးခန်းမအတွင်း လက်ခုပ်သြဘာတီးခဲ့ကြတာကို တွေ့ရပါတယ်။

“ လ စူးစမ်းရေးမစ်ရှင် Chang’e-6 ပြီးမြောက် အောင်မြင်ခဲ့ပါပြီ” လို့ တရုတ် အမျိုးသားအကာသ စီမံအုပ်ချုပ်ရေးအဖွဲ့(CNSA) ရဲ့ အကြီးအကဲ Zhang Kejian က ထိန်းချုပ်ရေးခန်းမကနေ ပြောဆိုခဲ့ပါတယ်။

ဒီ မစ်ရှင်အောင်မြင်မှုဟာ သမ္မတ ရှီကျင်းဖျင်ရဲ့ နိုင်ငံကို အာကာသအင်အားကြီးနိုင်ငံအဖြစ် ထူထောင်မယ်ဆိုတဲ့ တရုတ်ရဲ့ “ထာဝရအိပ်မက်” အစီအစဉ်အတွက် အဓိကမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံများစွာက ၎င်းတို့ရဲ့ လ စူးစမ်းရေးအစီအမံတွေ အရှိန်မြှင့်လုပ်ဆောင်နေကြချိန်မှာ Chang’e-6 မစ်ရှင် အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

မစ်ရှင်အောင်မြင်မှုနဲ့ ပတ်သက်ပြီး ရှီက အင်္ဂါနေ့မှာ ဂုဏ်ပြုသဝဏ်လွှာထုတ်ပြန်ခဲ့ပြီး အာကာသအတွင်း ခိုင်မာသောနိုင်ငံတစ်ခု တည်ဆောက်ခြင်းနဲ့ သိပ္ပံနဲ့နည်းပညာအရ နောက်ထပ် အထင်ကရအောင်မြင်မှုတစ်ခုအဖြစ် ချီးကျူးခဲ့ကြောင်း သိရပါတယ်။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here