လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ပင်လယ်စာကင်းမွန်ငါး ပိဿာချိန် ၈၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

0
185

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ပင်လယ်စာ ကင်းမွန်ငါး ပိဿာချိန် ၈၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်၏ပြောပြချက်အရ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းပင်လယ်စာကင်းမွန်ငါး ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ (၁) ရက်မှ (၃၁) ရက်ထိ တစ်လအတွင်း ပင်လယ်စာကင်းမွန်ငါးပိဿာချိန် ၈၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကင်းမွန်ငါး တစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ ကျပ်မှ ၃၂၀၀၀ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်တွေ ပုံမှန်တင်ပို့ရောင်းချတယ်။ အရင်ကထက်လဲ ပိုပြီးအရောင်းအဝယ် သွက်လာပါတယ်။ ကုန်များများတင်ပို့ရောင်းချနိုင်ခဲ့တာကြောင့် ရေလုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းရှင်တွေ အဆင်ပြေတာ တွေ့ရပါတယ်။ လက်ရှိကင်းမွန်ငါးဈေးကတော့ ပုံမှန်အနေအထားမှာ ရှိပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တစ်ဦးကပြောသည်။

ပင်လယ်မှ ဖမ်းဆီးရရှိသည့် ကင်းမွန်ငါးများကို စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြခြင်းဖြစ်ပြီး ရန်ကုန်ဈေးကွက်မှတဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကင်းမွန်ငါးများ အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းများ အဆင်ပြေစွာလုပ်ကိုင်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here