ယူကရိန်းရဲ့ ခရိုင်းမီးယားတိုက်ခိုက်ခဲ့မှုအတွက် အမေရိကန်ကို လက်တုန့်ပြန်မယ်လို့ ရုရှား ကတိပြု

0
362

အမေရိကန် ထောက်ပံ့ပေးထားတဲ့ ATACMS ဒုံးကျည်တွေနဲ့ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ လေးဦး ‌ေ-သဆုံးကာ ၁၅၁ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်အတွက် ကရင်မလင်က တနင်္လာနေ့မှာ အမေရိကန်ကို အပြစ်ဖို့ ခဲ့ပြီး ဒီကိစ္စအပေါ် လက်တုန့်ပြန်မှုဖြစ်လာလိမ့်မယ်လို့ အမေရိကန် သံအမတ်ကို တရားဝင် သတိပေးလိုက်ကြောင်း သိရပါတယ်။

ယူကရိန်းစစ်ပွဲဟာ ရုရှားနဲ့ အနောက်အုပ်စုအကြား ပဋိပက္ခကို နက်ရှိုင်းစေခဲ့ပြီး စစ်ပွဲဟာ အန္တရာယ်ရှိတဲ့ အချိန်ကာလကို ရောက်ရှိလာပြီလို့ ရုရှား တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ယူကရိန်းထံက ရုရှားသိမ်းယူထားတဲ့ ခရိုင်းမီးယားဒေသကို တိုက်ခိုက်ခဲ့မှုအတွက် အမေရိကန်ကို တိုက်ရိုက်အပြစ်တင်လာခြင်းဟာ ပဋိပက္ခမှာ နောက်ခြေတစ်လှမ်းထပ်တိုးလာတာဖြစ်ပါတယ်။

ရုရှား တာဝန်ရှိသူတွေရဲ့ အဆိုအရ တနင်္ဂနွေနေ့က ဆီဗာစတိုပူးလ်မြို့ကို တိုက်ခိုက်ခဲ့မှုမှာ အနည်းဆုံး က-လေ-းငယ်နှစ်ဦး ‌ေ-သဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် ဆီဗာစတိုပူးလ်အနီးက ကမ်းခြေတစ်ခုမှာ လူအများ အထိတ်တလန့် ပြေးလွှားနေကြပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကိဗ်ဘက်က မှတ်ချက်ပေးခြင်း မရှိပေမယ့် အရပ်သားတွေကို ပစ်မှတ်မထားကြောင်းဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အမေရိကန် သံအမတ် Lynne Tracy ကို ဆင့်ခေါ်ပြီး ဝါရှင်တန်ဟာ ရုရှားနဲ့ ဆက်စပ်သော စစ်ပွဲကို ဆင်နွှဲနေကြောင်းနဲ့ ပဋိပက္ခမှာ ပါဝင်လာတဲ့ သူတစ်ဦး ဖြစ်လာပြီလို့ သူမကို ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်တုန့်ပြန်တဲ့ အစီအမံတွေ ရောက်လာလိမ့်မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုလိုက်ကြောင်း သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here