မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ဘရူနိုင်းအသင်းအား (၈)ဂိုးသွင်းယူ အနိုင်ရရှိ

0
293

ယမန်နေ့ ဇွန်(၂၅)ရက်က မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအ‌နေဖြင့် ဘရူနိုင်းအသင်းနှင့် အုပ်စုအဆင့် ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ဘရူးနိုင်းအသင်းကို (၈)ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

အုပ်စုအဆင့် ယှဉ်ပြိုင်ရမည့်အသင်း လေးသင်းရှိသည့်အနက် မြန်မာအသင်းအနေဖြင့် နှစ်ပွဲကစား တစ်ပွဲရှုံး တစ်ပွဲအနိုင်ရခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ဘရူနိုင်းနှင့်ပွဲစဉ်အတွင်း ကျော်သီဟက (၂)ဂိုး၊ သူရမင်းက (၂)ဂိုး၊ ဉာဏ်အောင်(၁)ဂိုး၊ ကျော်ညီညီ(၁)ဂိုးနှင့် မျိုးနန္ဒအောင် (၂)ဂိုး အသီးသီးသွင်းယူခဲ့ကြပြီး ဘရူနိုင်းအသင်းဘက်မှ ချေပဂိုး(၁)ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် အုပ်စု(B)တွင် က‌မ္ဘောဒီးယား၊ ဘရူနိုင်းနှင့် ဗီယက်နမ်အသင်းတို့ဖြင့် ကျရောက်နေကာ ၊ ဇွန်လ (၂၈)ရက် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် ဗီယက်နမ်အသင်းနှင့် ‌အုပ်စုအဆင့် နောက်ဆုံးပွဲစဉ် ကစားသွားရမည်ဖြစ်သည်။

ASEAN U-16 Boys Cham pionship 2024 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် အုပ်စုသုံးစုခွဲ ယှဉ်ပြိုင်ကစား‌နေခြင်းဖြစ်ပြီး အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသောအသင်း သုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ကစားသွားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here