ဂါဇာရှိ လူငါးဦးတွင် တစ်ဦးသည် အစားအစာ အလွန်အမင်းချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း WHO အကြီးအကဲပြော

0
136

ပါလက်စတိုင်းနယ်မြေအတွင်း အငတ်ဘေး အန္တရာယ် မြင့်မားနေဆဲဖြစ်သောကြောင့် ဂါဇာရှိ လူငါးဦးတွင် တစ်ဦးမှာ အစားအစာအလွန်အမင်း ချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။

“ပဋိပက္ခတွေ ဆက်ဖြစ်နေသရွေ့ ဂါဇာတခွင်မှာ အငတ်ဘေး အန္တရာယ်က မြင့်မားနေဆဲပါ။ ဂါဇာက လူငါးယောက်မှာ တစ်ယောက်ဟာ စားနပ်ရိက္ခာ အလွန်အမင်း ချို့တဲ့မှုကို ကြုံတွေ့နေရပါတယ်။ လူအားလုံးနီးပါးဟာ စားနပ်ရိက္ခာ မလုံလောက်မှု မြင့်မားစွာ ကြုံတွေ့နေရပါတယ်” ဟု WHO ၏ ညွှန်ကြားရေးမှူးချုပ်က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

“ရန်လိုမှုများကို အဆုံးသတ်ရန်နှင့် အရှည်တည်တံ့သော လူသားချင်းစာနာမှုဆိုင်ရာပံ့ပိုး ကူညီမှုများ ချက်ခြင်း ချဉ်းကပ်မှုမှသာလျှင် ဂါဇာကမ်းမြှောင်တွင် ဖြစ်ပေါ်နေသော အငတ်ဘေး အန္တရာယ်ကို လျှော့ချနိုင်မည်” ဟုလည်း WHO အကြီးအကဲက အလေးပေး ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုအရ ယာယီအပစ်အခတ်ရပ်စဲရေးကို အီဂျစ်နှင့် ကာတာတို့က ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီး ယင်း အပစ်အခတ်ရပ်စဲမှုသည် တစ်ပတ်ကြာမြင့်ခဲ့သည်။ ထိုအချိန်တွင် ဓ-ားစာခံ ၁၁၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း အစ္စရေးက ဆိုသည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးကို ကျိုးပျက်ခဲ့ပြီး ယနေ့တိုင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here