ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များအပြီး Fair Paly Point Standing ရပ်တည်မှုဇယားအား ဆာဆီယံဘောလုံးအဖွဲ့ချုပ်ထုတ်ပြန်

0
503

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များအပြီး Fair Paly Point Standing ရပ်တည်မှုဇယားအား ဆာဆီယံ ဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်မှုစာရင်းတွင် မြန်မာအသင်းအပါအဝင် အသင်း(၇)သင်း၏ Fair Paly Point Standing ရပ်တည်မှုအရ ပွဲစဉ် တစ်လျှောက်ပြသခံခဲ့ရတဲ့ အနီကတ်၊ အဝါကတ်အရေအတွက်ကို အခြေခံပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မလေးရှားအသင်းက အဝါကတ် (၉)ကတ်၊ ထိုင်းအသင်း (၁၀)ကတ်၊ ဖိလစ်ပိုင်အသင်း(၁၄)၊ဗီယက်နမ်(၁၄)၊စင်ကာပူ (၁၆)၊မြန်မာ(၁၅)နှင့် အင်ဒိုနီးရှား (၁၇)ကတ်အသီးသီး ပြခံထားရသည်။

အလားတူ အနီကတ် အနေဖြင့် မြန်မာအသင်းက (၁)ကတ်နှင့် အင်ဒိုနီရှားအသင်းက (၁)ကတ် ပြခံထားရသည်။

ထို့အပြင် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ပြိုင်ပွဲတွင် မြန်မာအသင်းက ပေးဂိုး အများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ရသည်။

မြန်မာအသင်းအနေဖြင့် အုပ်စုအတွင်း အောက်ဆုံးအဆင့်တွင် ရပ်တည်ခဲ့ရကာ (၆)ပွဲကစားအပြီးတွင် ပေးဂိုး (၂၈)ဂိုးအထိ ရှိခဲ့သည်။

ကမ္ဘာအဆင့်သတ်မှတ်ချက်အရ မြန်မာအသင်းထက် နိမ့်သည့် နီပေါနိုင်ငံအသင်းက ပေးဂိုး (၂၀) ဂိုး၊ ပါကစ္စတန်နိုင်ငံအသင်းက (၂၆)ဂိုးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသင်းက (၂၀) ဂိုးသာရှိခဲ့သည်။

ကမ္ဘာဖလား အာရှဇုန် ခြေစစ်ပွဲအတွင်း မြန်မာအသင်းအနေဖြင့် အုပ်စုတွင်း၌ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့အား ပွဲတိုင်းဂိုးပေးခဲ့ရပြီး နှစ်ကျော့ကစားခဲ့အပြီး ဂျပန်ကို (၁၀)ဂိုး၊ ဆီးရီးယားကို (၈)ဂိုးနှင့်မြောက်ကိုရီးယားကို (၁၀)ဂိုး အသီးသီးပေးခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here