အမေရိကန်နဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးနှစ်ဦး ပထမဆုံးအကြိမ် ဖုန်းဆက်သွယ် ဆွေးနွေး

0
119

ဆက်ဖြစ်နေဆဲ ယူကရိန်း ပဋိပက္ခအရေးနဲ့ ပတ်သက်ပြီး ရုရှား ကာကွယ်ရေးဝန်ကြီး အန်ဒရိုင် ဘယ်လူဆော့ဗ်က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ အင်္ဂါနေ့မှာ ဖုန်းဆက်သွယ် ဆွေးနွေးခဲ့တယ်လို့ မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။

ယူကရိန်းစစ်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ဝန်ကြီးနှစ်ဦး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းနဲ့ ဒီစကားဝိုင်းဟာ အမေရိကန်ဘက်က အစပြုခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ကို အမေရိကန်က လက်နက်တွေ ဆက်လက်ထောက်ပံ့နေမှုနဲ့ ဆက်စပ်ပြီး အခြေအနေတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အန္တရာယ်ကို အန်ဒရိုင် ဘယ်လူဆော့ဗ်က ထောက်ပြခဲ့သလို အခြား အကြောင်းအရာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်းဆက်သွယ်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ပင်တဂွန်ကလည်း သတင်းထုတ်ပြန်ခဲ့ပြီး ရုရှားရဲ့ ဆက်လက်ဆင်နွှဲနေဆဲ ယူကရိန်းစစ်ပွဲကာလအတွင်း နှစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်းတွေ ဆက်ထိန်းထားရေး အရေးကြီးကြောင်းကို အော်စတင်က အလေးပေး ပြောဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါဟာ မေလမှာ ရာထူးတာဝန်ခန့်အပ်ခံခဲ့ရတဲ့ ဘယ်လူဆော့ဗ်ကို အော်စတင်က ပထမဆုံး ဖုန်းဆက်သွယ်ခဲ့မှုဖြစ်တယ်လို့ ပင်တဂွန် ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ယူကရိန်းအပေါ် အမေရိကန်က စစ်ရေးအထောက်အပံ့တွေ ဆက်ပေးနေခြင်းကို ရုရှားက ပြစ်တင်ရှုတ်ချထားပါတယ်။ ခြိမ်းခြောက်ခံနေရတဲ့ ခါကိဗ်မြို့အနီးက ရုရှားပိုင်နက် အစိတ်အပိုင်းတွေကို အမေရိကန်ရဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုတိုက်ခိုက်ဖို့ရာ မကြာခင်က ကိဗ်ကို ဝါရှင်တန်က မီးစိမ်းပြခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းက အမေရိကန် ထောက်ပံ့ဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်မှုကြောင့် ခရိုင်းမီးယားကျွန်းဆွယ်မှာ လူလေးဦး ‌ေ-သဆုံးခဲ့တဲ့ ဖြစ်ရပ်ပေါ်ပေါက်အပြီး တနင်္လာနေ့မှာ ကရင်မလင်က အမေရိကန် သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး အမေရိကန်အနေနဲ့ နောက်ဆက်တွဲ အကျိုးဆက်ရင်ဆိုင်ရမယ်လို့ သတိပေးခဲ့ကြောင်း သိရပါတယ်။

Ref: France24


LEAVE A REPLY

Please enter your comment!
Please enter your name here