လုံးခင်းကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်၍ နေအိမ်နှစ်လုံးမီးလောင် ဆုံးရှူံး

0
90

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ၊ လုံးခင်းကျေးရွာအတွင်း ယမန်နေ့ ဇွန်(၂၅)ရက် ညနေ (၆) နာရီဝန်းကျင်ခန့်က လက်နက်ကျည်ကြီးကျရောက်ကာ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် လူနေအိမ်တစ်လုံးမှာ မီးလောင်ပြာကျခဲ့ရပြီး နောက်တစ်လုံးမှာလည်း မီးလောင်မှုကြောင့် ပစ္စည်းအချို့ဆုံးရှုံးခဲ့ရကြောင်းဆိုသည်။

“ကျတာက “ဆွေးလု” ဆိုတဲ့ဆိုင်ကိုကျတာ။ ဘေးအိမ်ပါ မီးကူးပြီးလောင်တာပေါ့။ လူထိခိုက်‌ေ-သဆုံးမှုမရှိဘူး။ မီးကိုတော်တော် ငြိမ်းသတ်လိုက်ရတယ်။”ဟု ၎င်းက ပြောသည်။

မီးလောင်ကျွမ်းမှုအား တစ်နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရပြီး ည(၇)နာရီကျော်ကြာသည်အထိ ငြှိမ်းသတ်ခဲ့ရ ကြောင်း သိရသည်

အဆိုပါ လက်နက်ကြီးကျရောက်မှုသည့် မည်သည့်ဘက်က ပစ်ခတ်သည်ကို မသိရှိရဘဲ လုံးခင်းကျေးရွာနှင့် ငြိမ်းချမ်းကျေးရွာအကြား ဘေလီတံတားတွင် လုံခြုံရေးတပ်ဖွဲ့များ အထိုင်ချနေသည့်အပေါ် ပစ်ခတ်ခြင်းလည်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here