မြန်မာ-အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

0
75

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ Abhay Thakur တို့ ဇွန် (၂၄)ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနှင့် အိန္ဒိယနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေမှုများကို ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအတွက် နည်းပညာပိုင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တည်တံ့ရေးနှင့် နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here