ယွန်းပညာ ဒီပလိုမာအတွက် သင်တန်းကာလ နှစ်နှစ် တက်ရောက်ရမည်

0
61

ယွန်းပညာကောလိပ်(ပုဂံ)တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအနေဖြင့် သင်တန်းကာလ (၂)နှစ်ပြီးဆုံးပါက ယွန်းပညာဒီပလိုမာဘွဲ့ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအနေဖြင့် သင်တန်းကာလ (၂)နှစ်ပြီးဆုံး၍ သတ်မှတ်အရည်အချင်းမီသူများအနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း)တို့သို့ ပေါင်းကူးတက်ရောက်ခွင့်ရမည်ဖြစ်ကြောင်းလည်း ယွန်းပညာကောလိပ်(ပုဂံ) မှ သိရသည်။

ထိုနည်းတူ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်မည့်သူများအနေဖြင့်လည်း ပုဂံ-ညောင်ဦးဒေသရှိ မြန်မာ့ရိုးရာယွန်းလုပ်ငန်းများတွင်လည်းကောင်း၊ ကိုယ်ပိုင်ယွန်းလုပ်ငန်းရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အလားတူ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံသို့တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းတက်ရောက်အောင်မြင်ပြီးပါက ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာတစ်နှစ်သင်တန်းကို တက်ရောက်ခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းပြီးဆုံးသွားပါက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအောက်ရှိ ရက်ကန်းသင်တန်းကျောင်းများ၊ နိုင်ငံပိုင်၊ တပ်မတော်ပိုင်၊ ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံကြီးများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ယွန်းပညာကေောလိပ်(ပုဂံ)မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here