Zaporizhzhia နျူဓါတ်အားပေးစက်ရုံ ဓါတ်ရောင်ခြည် ထိန်းချုပ်ရေးစခန်း ယူကရိန်း လက်နက်ကြီးထိလို့ ပျက်စီးဟု ရုရှား ပြောကြား

0
146

ယူကရိန်းနိုင်ငံ Zaporizhzhia ပြည်နယ် Velyka Znamyanka မြို့ရှိ ဓါတ်ရောင်ခြည် ထိန်းချုပ်ရေးစခန်းတစ်ခု သည် ယူကရိန်း လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပျက်စီးခဲ့တယ်လို့ Zaporizhzhia နျူကလီးယားဓါတ်အားပေးစက်ရုံ ရုရှားစီမံခန့်ခွဲရေးအဖွဲ့က ဗုဒ္ဓဟူးနေ့(ဇွန် ၂၆) မှာ ပြောဆိုပါတယ်။

နျူဓါတ်အားပေးစက်ရုံ ကျွမ်းကျင်ပညာရှင်တွေက ဒေသတွင်း ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု အခြေအနေကို ထိန်းချုပ်ရေးအတွက် အစားထိုးပြင်ဆင်မှုများစွာ ဆောင်ရွက်ခဲ့တယ်လို့ စီမံခန့်ခွဲရေးအဖွဲ့က တယ်လီဂရမ်ကနေ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဓါတ်ရောင်ခြည်သင့်မှု အခြေအနေက ဘေးကင်းမှုအဆင့်ထက် ကျော်လွန်ခဲ့ခြင်း မရှိဘူးလို့လည်း ယင်းအဖွဲ့က ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ယူကရိန်းဘက်က လက်ရှိမှာ တုန့်ပြန်မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ မော်စကိုက ယူကရိန်းကို စတင်ကျူးကျော်ခဲ့အပြီး အစောပိုင်းရက်တွေမှာပဲ Zaporizhzhia စက်ရုံကို ရုရှားတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ယင်းနောက်ပိုင်းကစလို့ စက်ရုံဝန်းကျင် ဘေးကင်းလုံခြုံမှုအပေါ် အန္တရာယ်ဖြစ်အောင်လုပ်ဆောင်နေတယ်လို့ မော်စကိုနဲ့ ကိဗ်နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲမှုတွေ မကြာခဏ လုပ်ခဲ့ကြကြောင်း သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here