ဂါဇာထောက်ပံ့ရေးလုပ်သားများအနေဖြင့်အန္တရာယ်များကြောင်း ကုလသမဂ္ဂ ဆို

0
66

ကုလသမဂ္ဂ၊ဇွန် ၂၅

ဂါဇာရှိ အကူအညီပေးရေးဝန်ထမ်းများအတွက်ကြီးမားသော အန္တရာယ်ရှိနေကြောင်း ကုလကဆိုခဲ့ပြီး အစ္စရေးအနေဖြင့် ထောက်ပံ့ရေးအဖွဲ့များနှင့် ပိုမိုညှိနှိုင်းဆောင်ရွက်ရန်၊မရှိမဖြစ်လိုအပ်သည့် လုံခြုံရေးပစ္စည်းများကို အသုံးပြုခွင့်ပေးကာ လူသားချင်းစာနာမှုအကူအညီများပေးပို့နိုင်ရန် အစ္စရေးစစ်တပ်က ဝိုင်းဝန်းကူညီရန်လည်းတိုက်တွန်းခဲ့သည်။‌

“လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို ဂါဇာကမ်းမြောင်မှာ ထပ်ခါတလဲလဲလုပ်‌ဆောင်နေပါတယ်” ဟု ကုလပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကပြောကြားခဲ့ပြီး “ပွင့်ပွင့်လင်းလင်းပြောရရင် ထောက်ပံ့ရေးဝန်ထမ်းတွေအတွက် အန္တရာယ်တွေက မခံမရပ်နိုင်အောင် ကို များလာပါတယ်” ဟု ပြောသည်။

အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တို့၏ စစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသ၌ လုပ်ဆောင်နေသည့် ကုလ၏အခက်အခဲများကို ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးအကြီးအကဲသည်အစ္စရေးစစ်ဘက်ဌာနခွဲ (COGAT) နှင့် တနင်္လာနေ့တွင် တွေ့ဆုံခဲ့ကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေး နိုင်ငံ၏ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဂျွန်နသန်မီလာကမူ ရှစ်လကျော်ကြာလာပြီဖြစ်သည့်ပဋိပက္ခကာလအတွင်း ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီပေးသည့် ထရပ်ကားအစီးရေ ၃၆,၀၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း အင်္ဂါနေ့အစောပိုင်းက လုံခြုံရေးကောင်စီသို့ပြောကြားခဲ့သည်။

အဆိုပါ ထရပ်ကားများ၌ စားနပ်ရိက္ခာ၊ရေ၊ အမိုးအကာ၊ဆေးဝါးနှင့် လောင်စာဆီများအပါအဝင် အကူအညီပစ္စည်း တန်ချိန် ၆၈၂,၁၈ဝ ကျော်ကို သယ်ဆောင်ကူညီခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here