Online Trading Platform မှတဆင့် ထိုင်းဘတ်သန်း (၄၀) ဗဟိုဘဏ် ထပ်မံရောင်းချပေး

0
59

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ထိုင်းဘတ်သန်း ၄၀ ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် Online Trading Platform မှတဆင့်ဖေဖော်ဝါရီ (၂) ရက်မှစတင်၍ ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးနေခြင်းဖြစ်သည်။

ယနေ့ရောင်းချပေးမှုအပါအဝင် (၅)လအတွင်း (၁၄) ကြိမ်ရောင်းချပေးထားပြီး စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ (၃၆) သန်း၊ တရုတ်ယွမ် (၃၁ ဒသမ ၅) သန်းနှင့် ထိုင်းဘတ် (၂၃၆) သန်း ‌ရောင်းချထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် Online Trading Platform အပြင် အခြားနည်းလမ်းများဖြင့် နိုင်ငံခြားငွေများကို ရောင်းချပေးလျက်ရှိပြီး လက်ရှိအချိန်အထိ စုစုပေါင်း ဒေါ်လာ (၂၀၈) သန်းကျော်၊ ထိုင်းဘတ် (၁၅၄၉) သန်းကျော်နှင့် တရုတ်ယွမ် (၅၄) သန်းကျော်အထိ ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။

ယနေ့ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြား ငွေဈေးနှုန်းများမှာ အမေရိကန် တစ်ဒေါ်လာ ၄၅၃၀ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် ၆၃၄ ကျပ်နှင့် ထိုင်းဘတ် တစ်ဘတ် ၁၂၅ ဒသမ ၇၉ ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here