တောင်ကိုရီးယားဘက္ထရီစက်ရုံမီးလောင်၍ ၂၂ ဦး‌ေ-သဆုံး၊ အာဏာပိုင်များကစုံစမ်းစစ်ဆေး

0
73

ဟွာဆန်၊ဇွန် ၂၅

တောင်ကိုရီးယား၌ လီသီယမ်ဘက္ထရီစက်ရုံမီးလောင်မှုကြောင့် စက်ရုံဝန်ထမ်း ၂၂ ဦး‌ေ-သဆုံးကာ တစ်ဦးပျောက်ဆုံးလျက်ရှိသဖြင့် ယင်းဖြစ်စဉ်ဖြစ်ပြီး တစ်ရက်အကြာတွင် တောင်ကိုရီးယားအစိုးရက အန္တရာယ်များသော စက်မှုဇုန်များတွင် အရေးပေါ်လုံခြုံရေးစစ်ဆေးရန်အမိန့်ပေးခဲ့ကြောင်းသိရသည်။

နိုင်ငံတော် မှုခင်းဌာန၊ရဲနှင့်မီးသတ်ဌာနတို့ အပါအဝင် အေဂျင်စီများမှတာဝန်ရှိသူများက ပူးပေါင်းစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ပေါက်ကွဲမှုဖြစ်ပွားရာ စက်ရုံအတွင်းသို့ဝင်ရောက်ခဲ့သည်ဟုလည်းသိရသည်။

လီသီယမ်ဘက်ထရီအလုံးရေ ၃၅,၀၀၀ ရှိနေသော ဂိုဒေါင်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာမှ အဆိပ်ဓါတ်ငွေ့များကြောင့် အလုပ်သမားများ သတိလစ်ကာ စက္ကန့်ပိုင်းအတွင်း အသက်ဆုံးရှုံးခဲ့ဖွယ်ရှိကြောင်း မီးသတ်အရာရှိများကပြောကြားခဲ့သည်။

‌ေ-သဆုံးခဲ့သည့် ဝန်ထမ်းများထဲတွင် တရုတ်နိုင်ငံသား ၁၇ ဦးပါဝင်ပြီး လာအိုနိုင်ငံသားတစ်ဦးလည်းပါဝင်ကြောင်းသိရသည်။လက်ရှိအချိန်အထိ ဝန်ထမ်းတစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းအတွင်းရှာဖွေတွေ့ရှိရသည့် အကြွင်းအကျန်များကို မည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုနိုင်ရန် DNA စစ်ဆေးသွားမည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here