လူစားသည့်ဖားကန့် ဥရုချောင်း မိုးရာသီ​ရောက်၍ ရေစီးသန်​နေပြီ

0
55

ဖားကန့်မြို့၊ မြို့နယ်‌ဆန်းကြွယ်ကျေးရွာ ကူးတို့ဆိပ်တွင် ယမန်နေ့ ဇွန်(၂၅)ရက် ညနေပိုင်းအချိန်က လူငယ်နစ်ဦး ရေဆ င်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေမှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိ န်အထိ ရှာဖွေမတွေ့ရှိသေးကြောင်း ဒေသတွင်း လူမှုကယ် ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“ဖြစ်တာက ညီနစ်နေလို့ အစ်ကိုက ဆင်းကယ်တာ နှစ်ယောက် စလုံးနစ်သွားတာ။ ‌ကယ်ဆယ်ရေး အဖွဲ့က ဆင်းရှာပေမယ့် ဒီနေ့အထိကို မတွေ့တာ။ အခြားကယ်ဆယ်ရေးအဖွဲ့တွေလည်း ကြုံရင်ကြုံသလို အလောင်းပေါ်မလားစော င့်တော့ ကြည့်နေတာပေါ့။ အခုထိတော့ မတွေ့သေးဘူး”ဟု က ယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရေနစ်ပျောက်ဆုံးသူ နှစ်ဦးမှာအသက် (၁၈)နှစ်အရွယ် မောင်မြင့်မိုးမောင်နှင့် အသက် (၁၄)နှစ်အရွယ် မောင်စွမ်းသက်ပိုင်(ခ)တာတီးဆိုသူတို့ဖြစ်ပြီး ဆန်းကြွယ် ကျေးရွာတွင် နေ ထိုင်သူများဖြစ်ကြောင်း သိရသည်။

ဥရုချောင်းရေသည် မိုးရာသီရောက်ချိန်တွင် ရေစီးသန်လေ့ရှိပြီး ဒေသတွင် အယူအဆအရ နှစ်စဉ်လူစားလေ့ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ဥရုချောင်းသည် ချင်းတွင်းမြစ်ဘက်သို့ စီးဝင်သည့် ချောင်းလက်တက်တစ်ခုဖြစ်ကာ လူသေအလောင်းမျောပါလာမှု ရေနစ် ပျောက်ဆုံးမှုများဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

အဆိုပါ လူငယ် နှစ်ဦးရေနစ်ပျောက်ဆုံးမှုအတွက် ရှာဖွေမတွေ့ရှိသည့်အပေါ် ဒေသအခြေစိုက် မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့ ဖားကန့်မြို့နယ်ရုံးမှလည်း မိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here