သဲကုန်းမြို့တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သက်သာသော ဈေးနှုန်းဖြင့် ဇွန် (၃၀) ရက်အထိဆန်များရောင်းချပေး

0
99

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် ယမန်နေ့ ဇွန် (၂၆)ရက်က ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသုံးကုန်ပစ္စည်းများကို ပြင်ပဈေးနှုန်းများထက် လျှော့ချကာ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်တစ်ပြည်လျှင် (၃၀၀၀)နှုန်းဖြင့် ဇွန်(၂၆)ရက် နံနက်ပိုင်းက သဲကုန်းမြို့မဈေး၊ ဈေးတာဝန်ခံရုံးအနီးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်း များ၏ ကြီးကြပ်ကာ ဧည့်မထဆန်တစ်ပြည်လျှင် ငွေကျပ် (၃၀၀၀)နှုန်း၊ တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် ဇွန် (၃၀) ရက်အထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here