မွန်ပြည်နယ်ထွက် ရာဘာများ တရုတ်နိုင်ငံက အများအပြားလိုအပ်နေဟု ဆို

0
57

မွန်ပြည်နယ်ထွက် ရာဘာများအားတရုတ်နိုင်ငံက အများအပြားလိုအပ်နေသည်ဟု တရုတ် သံအမတ်ကြီး H.E.Mr.Ch en Hai က မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇွန်(၂၅)ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့ တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံက လျှပ်စစ်ကား(EV)များကို တစ်ကမ္ဘာလုံးသို့ ဖြန့်ဖြူးရောင်းချနေသဖြင့် ကားတာယာများပြုလုပ်ရာမှာ လိုအပ်‌နေသည့် ရာဘာကုန်ကြမ်းအတွက် မြန်မာနိုင်ငံမှထွက်ရှိသည့် ရာဘာကုန်ကြမ်း အများအပြားလိုအပ်ကြောင်း တရုတ်သံအမတ်က ပြောသည်။

ထို့ပြင် မွန်ပြည်နယ်သည် ဆန်စပါးနှင့်ရာဘာကို အဓိကထုတ်လုပ်သည့် ပြည်နယ်ဖြစ်သည့်အတွက် ဆန်စပါးနှင့်ရာဘာကို အရည်အသွေးမြင့်အောင် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများရှိကြောင်းလည်း ၎င်းကဆိုသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် ရာဘာစက်ရုံများ၊ ဒေသထွက်သီးနှံစိုက်ခြံများကို လေ့လာမှာဖြစ်ပြီး၊ ရာဘာစက်ရုံကြီးများ ရင်းနှီးမြှုပ်နှံရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ ကျောက်မီးသွေလျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ စရိတ်သက်သာသည့်အတွက် မွန်ပြည်နယ်အတွင်အကြီးစားကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းများရှိပါကြောင်း၊ ဒေသထွက် ပီလောပီနံ၊ ဝဥ စသည့်အသီးအနှံများကို ရင်းနှီးမြှုပ်နှံမှုနှင့်လေ့လာနိုင်ရန်အတွက် တရုတ်သံရုံးမှ စီးပွားရေးဆိုင်ရာ သံမှူးဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း သရုတ်သံအ မတ်က ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ပြောကြားသွားသည်။

ကုန်သွယ်မှု စီးပွားရေးအနေဖြင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားမှာဖြစ်သည့်အပြင် နှစ်နိုင်ငံယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here