တရုတ်နိုင်ငံတွင်ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်ရန် မြန်မာနိုင်ငံ သမ္မတ(ငြိမ်း) ဦးသိန်းစိန်တရုတ်နိုင်ငံသို့ သွားရောက်

0
107

ဇွန်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် မြန်မာနိုင်ငံ သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ သွားရောက်ရန် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားကြောင်းသိရသည်။

တရုတ်နိုင်ငံ ခရီးစဉ်သွားရောက်မည့် သမ္မတ (ငြိမ်း)ဦးသိန်းစိန်အား တရုတ်သံအမတ် Mr. Chen Hai က နေပြည်တော်လေဆိပ်တွင် ဇွန်လ (၂၇) ရက် နံနက်ပိုင်းက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်မည့် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း အတူတကွလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင်များလည်း အဆိုပါလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ဇွန်လ ၂၆ ရက်နေ့တွင် သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်၌ သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့ပါသည်။

သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် ၂၀၁၁ခုနှစ် ၊ မေလ ၂၆ မှ ၂၈ ရက် အထိတရုတ်ပြည်သို့ သမ္မတ ဖြစ်ပြီး ၂လတွင် တရားဝင်ပထမဆုံးသွားရောက်ခဲ့သည်။

ဒုတိယအကြိမ်အဖြစ် ၂၀၁၄ခုနှစ် ဇွန်လ ၂၈ရက်က ဘေဂျင်း တွင် တရုတ် သမ္မတ ရှီကျင့်ဖျင် ၊ မြန်မာနိုင်ငံ သမ္မတ(ငြိမ်း) ဦးသိန်းစိန် နှင့် အိန္ဒိယ ဒုတိယ သမ္မတ မိုဟာမက် ဟာမက် အန်စာရီ တို့တွေ့ဆုံခဲ့ကြသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ၏ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အခမ်းအနားနေ့တွင်ဆုံကြခြင်းဖြစ်သည်။

တတိယအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် သမ္မရှီကျင်းဖျင်သည် နှင့် သမ္မတ(ငြိမ်း) ဦးသိန်းစိန်တို့ဂျကာတာမြို့တွင် တွေ့ဆုံခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here