ဖူဂျီ‌တောင်၌ တောင်တက်ရာသီအစ၌ပင် သုံးဦး‌ေ-သဆုံးမည်ဟုစိုးရိမ်ရ

0
61

တိုကျို၊ဇွန် ၂၆

ဂျပန်ရှိ ဖူဂျီတောင်၌ နွေရာသီတောင်တက်ရာသီမစတင်မီရက်များတွင်ပင် လူ ၃ ဦး ကို အသက်ရှင်သည့် လက္ခဏာများမရှိဘဲတောင်ထိပ်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂျပန်မီဒီယာများက ဇွန် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။

ယခုတစ်ပတ် တနင်္လာနေ့ကမှ တရားဝင်ဖွင့်လှစ်ခဲ့ပြီး တောင်တက်လမ်းများကိုအသုံးပြုကာ ဂျပန်၏အမြင့်ဆုံးတောင်ကိုတက်ရာ၌ အထူးသတိပြုရန် အာဏာပိုင်များကလည်း တောင်တက်သမားများကိုသတိပေးထားသည်။

ဖူဂျီတောင်တက်သွားပြီးနောက် အိမ်ပြန်မလာသေးသည့် တိုကျိုမြို့ခံတစ်ဦးကို ကယ်ဆယ်ရေးသမားများက သွားရောက်ရှာဖွေစဉ် မီးတောင်ဝအနီးတွင် အဆိုပာလူသုံးဦး ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း NHK ကပြောကြားခဲ့ပြီး ၎င်းတို့သည် မည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုနိုင်ခြင်းမရှိသေးဟုလည်းပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၌ နှစ်စဉ်နွေဦးရာသီရောက်တိုင်း ဖူဂျီတောင်တက်ခရီးစဉ်အား တရားဝင်ဖွင့်လှစ်ပေးလျက်ရှိပြီး တောင်တက်ခရီးလာရောက်သူပေါင်း နှစ်သိန်းအထက်ရှိကြောင်းလည်းသိရသည်။

ဂျပန်နိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သလို တစ်ချိန်က ငြိမ်းချမ်းသောဘုရားဖူးနေရာတစ်ခုဖြစ်သည့် တောင်ပေါ်၌ လူပြည့်ကျပ်စွာတက်ရောက်လာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုင်ရာ စိုးရိမ်စရာများရှိလာ‌ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများကထုတ်ပြန်ထားသည်။

ဖူဂျီတောင်တက်ရန် ရေပန်းအစားဆုံးလမ်းကြောင်းဖြစ်သည့် ယိုရှီဒါလမ်းကြောင်းကို အသုံးပြုသည့် တောင်တက်သမားများအား ယခုနှစ်နွေရာသီတွင် တစ်ဦးလျှင် ယန်း ၂,၀၀၀ (ကန်ဒေါ်လာ ၁၃ ဒေါ်လာ) ကောက်ခံမည်ဖြစ်ပြီး လူပြည့်ကျပ်မှုကိုလျှော့ချရန်အတွက်လည်း နေ့စဉ် လူအယောက် ၄,၀၀၀ သာတက်ခွင့်ပြုမည်ဟုသိရသည်။

အဆိုပါ လူအယောက် ၄,၀၀၀ အနက် ၃,၀၀၀ အား ကြိုတင်ဘိုကင်စနစ်ဖြင့်ခွင့်ပြုထားပြီး ကျန်အယောက် ၁,၀၀၀ ကိုမူ လာသည့်နေ့တွင် တိုက်ရိုက်တက်နိုင်ရန်စီစဉ်ထားပေးသည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/အာရ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here