နေ့စဉ်သုံးကုန်စိမ်းဈေးများ မြင့်တက်နေမှုကြောင့် မုံရွာမြို့ စားသောက်ဆိုင်များ အခက်တွေ့

0
49

နေ့စဉ်သုံးကုန်စိမ်းဈေးများ မြင့်တက်နေမှုကြောင့် စားသောက်ဆိုင်များ ဝယ်ယူချက်ပြုတ်ကြော်လှော်ရမှု အခက်တွေ့နေကြောင်း မုံရွာမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

“ခေါက်ဆွဲကြော်ရောင်းရင် အရင်က ခေါက်ဆွဲနည်းထည့်ပြီးဂေါ်ဖီထုပ်ကြော်များများ ထည့်ရောင်းရင် မြတ်တယ်။ အခုဂေါ်ဖီထုပ်ဈေးနဲ့ကတော့ အရင်လိုများများထည့်လို့မလွယ်တော့ဘူး။ မြေပဲဆီဈေး၊ စားအုန်းဆီဈေးတွေကလည်းတက်ပြီးအသားဈေးလည်းတက်တော့ ခေါက်ဆွဲကြော်လည်းဈေးတက်ယူရတော့တယ်။ဂျုံဈေးလည်းကောင်းတော့ ခေါက်ဆွဲဖတ်ဈေးလည်းကောင်းနေတယ်”ဟု စားသောက်ဆိုင်ပိုင်ရှင်က ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်ကာလက ဂေါ်ဖီထုပ်တစ်ထုပ် (၉၀၀၀) ကျပ် ကျော်အထိ ဈေးမြင့်တက်ခဲ့ရာမှ လက်ရှိတွင် (၂) ပိဿာနီး ပါးခန့် တစ်ထုပ် (၆၀၀၀)ကျပ်နှင့် အလတ်ဆိုဒ် (၁) ပိဿာအောက်တစ်ထုပ် (၅၀၀၀)ကျပ်အထက်ဈေးဖြင့် ဝယ်ယူနေကြရကြောင်း သိရသည်။

လက်ရှိတွင် နေ့စဉ်စားသုံးနေကြသည့် စားသုံးဆီဈေးများလည်း မြင့်တက်နေရာ မြေပဲဆီ စက်ကြိတ် တစ်ပိသာ ကျပ် (၁၇၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိသာ (၁၄၀၀၀) ကျပ်(ပြင်ပဈေး)တို့ဖြင့် ဝယ်ယူနေကြရကြောင်း သိရသည်။

ထို့ပြငိ ကုန်စိမ်းကို အဓိကထား၍ ဆိုင်ကယ်ဖြင့် မုံရွာမြို့အတွင်းလှည့်လည်ရောင်းချနေသော ကုန်စိမ်းဈေးသည်များအနေဖြင့် ရှမ်းပြည်တောင်ပိုင်းမှ မုံရွာသို့ တိုက်ရိုက်ယူ၍ ရောင်းချနေသော ကုန်စိမ်းဒိုင်များထံမှ အသီးအရွက်ကုန်စိမ်းများကို တစ်ရက်တစ်ဈေးပေး၍ ဝယ်ယူနေကြရကြောင်းလည်း သိရသည်။

“ဒီနေ့အမြတ်က မနက်ဖြန်အရင်းလို့ ဆိုခဲ့ကြပေမယ့် အခုကနောက်ရက်ပြန်ရင်းရင် အမြတ်ထဲကပါ ပါတော့တာပါ။ ဈေးဝယ်တွေဆီက ခဏခဏ ဈေးတက်တောင်းနေရတာကလ ည်း မျက်နှာပူလှပြီ။ တချို့က အကြွေးယူတာမျိုးဆိုရင် ကိုယ့်အမြတ်ထဲက သိသိသာသာပါသွားတော့ နောက်နေ့ရင်းဖို့
တော်တော်အခက်တွေ့တယ်။ ကိုယ်က ကုန်စိမ်းဒိုင်ဆီက တစ်ခါတည်း ပေးဝယ်ရတာဆိုတော့ ဆိုင်ကယ်ဆီဖိုးကို မနည်းကျန်အောင်ချန်နေရတာပါ။ ဆိုင်ကယ်ပြင်လိုက်ရတဲ့နေ့ဆိုရင် မောရောပဲ”ဟု ဆိုင်ကယ်ကုန်စိမ်းဈေးသည် တစ်ဦးကပြောသည်။

မုံရွာမြို့သို့ တိုက်ရိုက်တင်ပို့သည့် ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုန်စိမ်းရောင်းဈေးများတွင် ကျင်းသီး (ခေါ်) အလုံးသန့် ခရမ်းချဉ်တစ်ပိသာလျင် ကျပ် (၃၀၀၀)မှ (၄၀၀ဝ) ကျပ်ဈေးဖြစ်နေပြီး မုံညှင်းအကြီးစ တစ်ပိဿာ (၂၀၀၀) ကျ ပ်၊ မုံညှင်းအလတ်စ တစ်ပိဿာ (၁၈၀၀) ကျပ်၊ တရုတ် နံနံတစ်ထုံး (၅၀၀၀) ကျပ်၊ ပဲတောင့်ရှည် တစ်ပိဿာ (၃၅၀ဝ) ကျပ်၊ဘိုစားပဲအလုံး ရှယ်စ တစ်ပိဿာ (၄၇၀၀) ကျပ်၊ ဘိုစားပဲအလုံး အလတ်စတစ်ပိဿာ (၄၅၀၀) ကျပ်ဈေးရှိကြောင်း ဈေးကွက်မှသိရသည်။

ထို့အပြင် ဘိုစားပဲ အပြားမျိုး တစ်ပိဿာ (၃၅၀၀) ကျပ်၊ မုံလာဥနီ (ဒေသ) အကြီးစ တစ်ပိဿာ (၄၀၀၀)ကျပ်၊ မုံလာဥနီ (ဒေသ ) အလတ်စ တစ်ပိဿာ (၃၅၀၀)ကျပ်၊ မုံလာဥဖြူတစ်ပိဿာ(၂၂၀၀) ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာ (၂၈၀၀) ကျပ်၊ ကျောက်ဖရုံသီး တစ်ပိဿာ (၁၂၀၀) ကျပ်၊ ကျောက်စိမ်း ဖရုံသီးတစ်ပိဿာ (၁၃၀၀)ကျပ်၊ ရွှေပဲရှယ်စ တစ်ပိဿာ (၁၆၀၀၀) ကျပ်၊ ရွှေပဲအလတ်စ (၁၄၀၀၀) ကျပ်၊ ခရမ်းသီး ( ကုန်းသီး )အကြီးတစ်ပိဿာ ၂၂၀၀ ကျပ်၊ခရမ်းသီး(ကုန်းသီး)အလတ်တစ်ပိဿာ (၂၀၀၀) ကျပ်၊ ငရုတ်ပွရှယ်စအခွံထူအကြီးဆိုဒ်တစ်ပိဿာ (၁၅၀၀)ကျပ်၊ ငရုတ်ပွအလတ်စ တစ် ပိဿာ (၁၂၀၀)ကျပ်၊ သံပုရာသီး(ရွာငံ)တစ်ပိဿာ (၄၀၀ ဝ) နှင့် (၅၀၀၀)ကျပ်၊ ဂေါ်ရခါး သီးတစ်လုံး (၃၅၀) ကျပ်၊ အစီး (၅၀) ပါဂေါ်ရခါးညွှန့်တစ်ထုံး (၂၆၀၀၀) ကျပ်၊ အစီး (၅ ဝ) ပါ ကိုက်လံတစ်ထုံး (၂၆၀၀၀) ကျပ်၊ ဂျူး မြစ်တစ်ပိဿာ (၄၀၀၀)ကျပ်မှ (၆၀၀၀) ကျပ် နှင့် ရုံးပတီသီး တစ်ပိဿာ (၄၈၀၀) ကျပ်ဈေးများဖြင့် ရောင်းဝယ်နေကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here