TNLA က ကျောက်မဲမြို့ ပြည်သူဆေးရုံကြီးအား ဝင်ရောက်စီးနင်းကာ ဆေးရုံလူနာစောင့် (၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားဟု ဆို

0
69

TNLA က ကျောက်မဲမြို့၊ ပြည်သူဆေးရုံကြီးကို ဝင်ရောက်စီးနင်းပြီးနောက် လူနာစောင့်(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့၊ပြည်သူ့ဆေးရုံအတွင်း ဆရာဝန်၊ ဆရာမနှင့် သူနာပြုများမရှိတော့ဘဲ ရပ်ဝေးလူနာအချို့သာ ကျန်ရှိနေကြောင်း သိရသည်။

“ဆေးရုံကို TNLA က ဝင်စီးထားတာဟုတ်ပါတယ်။ လူနာစောင့်နှစ်ဦးကို ဖမ်းခေါ်သွားတယ်။ လူသားတံတိုင်းခံထားတယ်လို့ပြောရအောင်ကလည်း ဆေးရုံဆင်းချင်တဲ့သူတွေကို ဆင်းခွင့်ပြုထားတယ်။ ကျောက်မဲမြို့အတွင်းက လူနာဆိုရင်တော့ နေအိမ်ပြန်ချင်တဲ့သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက သွားခေါ်လို့ရတယ်။ ကျန်တာက နောင်ပိန်လိုနေရာမျိုးဝေးတဲ့ နေရာက ပြန်လို့မလွယ်ကူတဲ့ လူနာတွေကျန်နေတာပေါ့။”ဟု ၎င်းက ရှင်းပြသည်။

ယနေ့ နံနက်ပိုင်း သုံးရက်မြောက်တိုက်ပွဲ၌ ကျောက်မဲမြို့ ရပ်ကွက်(၈)အတွင်း လက်နက်ကြီးကျည်(၂)လုံးနှင့် နန့်တုံဘက်သို့ (၂)လုံး ကျရောက်ခဲ့ပြီး လူထိခိုက်‌ေ-သဆုံးမှုအခြေအနေအား မသိရှိရသေးကြောင်း ဆိုသည်။

“လေယာဉ်တော့ဝဲနေတယ်။ လေယာဉ်ဝဲပြီဆို သူတို့ပစ်ခတ်တာငြိမ်သွားတယ်။ “ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ပုံစာ- ယနေ့ မွန်းလွဲ(၁)နာရီဝန်းကျင် ကျောက်မဲ ထိခိုက်မှုမြင်ကွင်းအချို့(CJ)


LEAVE A REPLY

Please enter your comment!
Please enter your name here