ကျောက်မဲမြို့တိုက်ပွဲအတွင်း ဒဏ်ရာရ အသက်ဆုံးရှုံးခဲ့သည့် ရုပ်အလေ-ာင်း (၂၁)လေ-ာင်းကို မီးသဂြိုဟ်

0
116

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ တိုက်ပွဲအတွင်း ဒဏ်ရာရ အသက်ဆုံးရှုံးခဲ့သည့် ရုပ်အလေ-ာင်း (၂၁)လောင်းကို ဒေသတွင်း လူမှုကူညီရေးအဖွဲ့များ ယနေ့ ဇွန်(၂၇) ရက် မွန်းလွှဲပိုင်းအချိန်၌ အေးချမ်းသာသုသာန်သို့ ပိုဆောင်ကာ သဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။

“ လမ်းမှာတွေတဲ့ အလေ-ာင်းတွေကို ကောက်ပြီးတော့ သဂြိုဟ်ပေးလိုက်တာပါ။ အရပ်သားလား ဘယ်သူလဲဆိုတာတော့ ခွဲခြားမရဘူး။ အားလုံးက အရပ်ဝတ်တွေနဲ့ဆိုတော့။ လက်နက်ကြီးကျည်ထိထားတဲ့ သူတွေလည်း ပါသလို ‌ေ-သနတ်ဒဏ်ရာကြောင့် ‌ေ-သဆုံးတဲ့ သူတွေလည်းပါ ပါတယ်။ အလေ-ာင်းတွေက တောထဲမှာလည်း ရှိနေတယ်လို့ သိရပေမယ့် ကျွန်တော်တို့ သွားမကောက်ရဲဘူး။ တိုက်ပွဲကတော့ ဒီအနေ့အထိ ဖြစ်နေတုန်းပါဘဲ” ဟု ပရဟိတအဖွဲ့ တာဝန်ခံ တစ်ဉီးက ပြောသည်။

ယနေ့တွင် တိုက်ပွဲကြောင့် လုံခြုံစိတ်ချမှု မရှိသည့် နေရာများမှ မိသားစုဝင်အချို့ကိုလည်း ဒေသခံစစ်ရှောင်‌အရေးဆောင်ရွက်ပေးနေသူများက သွားရောက်ခေါ်ဆောင်၍ ဘေးလွတ်ရာသို့ ပို့ဆောင်ပေးနေကြကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ပစ်ခတ်မှုများမဖြစ်ပွားခင် မြို့တွင်းလမ်းတွင် ဈေးဆိုင်အချို့ဖွင့်လှစ်ထားပြီး ဈေးဝယ်ယူမှုများရှိကြောင်းနှင့် ကျောက်မဲမြို့မဈေးကြီးနှင့် အခွန်လွတ်ဈေးတို့ကို ပိတ်ထားကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here